နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်လေဆိပ်ရှိ ပြည်တွင်း ထွက်ခွာ/ဆိုက်ရောက် Terminal 3 ယာယီပိတ်ထား

ရန်ကုန်  ဩဂုတ်  ၆


ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အသုံးပြုသူပြည်တွင်းခရီးသည်များ ပိုမိုအဆင်ပြေချောမွေ့သော ဝန်ဆောင်မှုများကို အသုံးပြုနိုင်ရန် Terminal 3 ရှိ Gate 4  တွင် အမိုးအကာ အသစ်တစ်ခု တိုးချဲ့ ဆောက်လုပ်သွားမည် ဖြစ်သောကြောင့် ယာယီပိတ်ထားမည်ဖြစ်ကြောင်း Yangon Aerodrome Company Limited (YACL)မှ သိရသည်။ ပြည်တွင်းခရီးသည်များအတွက် ဝင်ပေါက်နှင့် ထွက်ပေါက် ဖြစ်သော Gate 4 ၊ Terminal 3 အား ဩဂုတ်လ ၄ ရက်  မှ ၁၀ ရက်အထိ ယာယီ ပိတ်ထားမည်ဖြစ်သည်။

အဆိုပါ လုပ်ငန်းများ တိုးချဲ့လုပ်ဆောင်နေစဉ်အတွင်း လေဆိပ်အသုံးပြုသူ ခရီးသည်များ အနေဖြင့်  Gate 1 နှင့် 2 ကို ဝင်/ထွက်ပေါက် အဖြစ်လည်းကောင်း ၊Gate 3 ကို ထွက်ပေါက်အဖြစ်လည်းကောင်း အသုံးပြုသွားရန် နှင့် ခရီးသည်များ သွားလာရေးလွယ်ကူအဆင်ပြေစေရန် ကားရပ်နားရာနေရာ နှင့် T3 ပလက်ဖောင်းများ အကြား အမိုးပါ လျှောက်လမ်းတစ်ခု ယာယီစီစဉ်ထားရှိကြောင်း အသိပေး ကြေညာထားသည်။

Yangon Aerodrome Company Limited (YACL) အနေဖြင့် လေဆိပ်အသုံးပြုသူ ခရီးသည်များ နှင့် လေဆိပ်ဝန်ထမ်းများအားလုံး၏ ကျန်းမာရေး ၊ လုံခြုံစိတ်ချမှုရှိရေး စသည်တို့အတွက် ဦးစားပေး လုပ်ဆောင်နေပြီး လေဆိပ်ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်မြန်ဆန်မှုရှိအောင် အစဉ်မပြတ်ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံလေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက် အရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ အပြည်ပြည်ဆိုင်ရာခရီးသည်တင်လေယာဉ်များ ပျံသန်းပြေးဆွဲခွင့် ရပ်နားခြင်း ကန့်သတ်ချက်ကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်ထားသည်။

                                                                 

မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ