နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန် ဧပြီ ၁၆ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများကို ရန်ကုန်အနောက်ပိုင်းခရိုင်၊အလုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ပိုးသတ်ဆေးဖျန်းခြင်း၊ အသိပညာပေးနှိုးဆော်ခြင်း၊ Maskများ ဝေငှခြင်း၊ လက်ကမ်းစာစောင်၊ ပိုစတာ များဖြန့်ဝေခြင်း စသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ဧပြီလ ၁၆ ရက်၊ နံနက်၇ နာရီခွဲအချိန်ကလည်း မြို့နယ်ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အလုံမြို့နယ်၊ အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်၊မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ အဖွဲ့ဝင်(၁)ဦးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များသည် အလုံမြို့နယ်ဆင်မင်းစျေးသို့ လာရောက်သောပြည်သူများ၊ လမ်းသွားပြည်သူ များ၊ အနှေးယာဉ်လုပ်သားများအား Mask နှင့် လက်အိတ်များဝေပေးခဲ့သည်။ ထို့ပြင်လည်း Mask များ စနစ်တကျတပ်ဆင်ပေးခြင်း၊ လက်ကို မကြာခဏဆေးရန်၊ မလိုအပ်ဘဲအပြင်သို့ မထွက်ရန်၊ လိုအပ်၍ ထွက်ပါက Mask များတပ်ဆင်ရန် စသည်ဖြင့် အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ တင်တင်ချို ပြန်/ဆက်






အခြားဆက်စပ်သတင်းများ