နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လမ်းမတော်မြို့နယ် UMFCCI တွင် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရန် China (Shaanixi) - ASEAN Investment and Cooperation Forum ကျင်းပ

ရန်ကုန်  ဩဂုတ်  ၆


လမ်းမတော်မြို့နယ် UMFCCI  တွင် တရုတ်နှင့်အာဆီယံနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက် မှုမြှင့်တင်ရန်နှင့် တရုတ်နိုင်ငံ ရှန်စီပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့်ကုန်သွယ်မှုဖလှယ်ရန် ရည်ရွယ်၍ China (Shaanixi) - ASEAN ရင်းနှီးမြှုပ်နှံမှုနှင့်ပူးပေါင်းဆောင်ရွက်မှုဖိုရမ်အား ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ် ၅ ရက်၊ မွန်းလွဲပိုင်းတွင် Video Conferencing ဖြင့်ကျင်းပပြုလုပ်ခဲ့ပြီး ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။

ယင်းဖိုရမ်တွင် တရုတ်နိုင်ငံ ရှန်စီပြည်နယ်၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး Mr. Wang Hongwei မှ  သဘာပတိအဖြစ်ဆောင်ရွက်ပြီး ရှန်စီပြည်နယ် ဒုတိယအုပ်ချုပ် ရေးမှူး Mr. Xu Datong မှ အဖွင့်အမှာစကားပြောကြားရာတွင် ယင်းဖိုရမ်သည် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ဆန်းသစ်သော လှုပ်ရှားဆောင်ရွက်မှု တစ်ခုဖြစ် ကြောင်း၊ တရုတ်နိုင်ငံ ရှန်စီပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြားတွင် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှု အလားအလာရှိပြီး ယင်းဖိုရမ်သည် ရှန်စီပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု အခွင့် အလမ်းတစ်ခုအဖြစ် အသုံးချနိုင်မည်ဟု မျှော်လင့်ကြောင်းပြောကြားခဲ့သည်။ 

အဆိုပါဖိုရမ်အား ရှန်စီပြည်နယ်အစိုးရနှင့် China-ASEAN Business Council (CABC) တို့မှ ပူးပေါင်း ကျင်းပခဲ့ပြီး CABC မှ Executive President ဖြစ်သူ Mr. Xu Ningning မှအမှာစကားပြောကြားရာတွင် တရုတ်နှင့် အာဆီယံနိုင်ငံများအကြား COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုများလျှော့ချရန်နှင့် စီးပွားရေး     ပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဖိလစ်ပိုင်၊ လာအို၊ ထိုင်း၊ မြန်မာ၊ ဗီယက်နယ်၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား စသည့် အာဆီယံနိုင်ငံများမှ ကိုယ်စားပြု၍ အစိုးရတာဝန်ရှိပုဂ္ဂိုလ်များ၊ သံတမန်များ၊ သက်ဆိုင်ရာဌာနအဖွဲ့အစည်း များမှ တာဝန်ရှိသူများအသီးသီး တက်ရောက်ဆွေးနွေးခဲ့ကြပြီး အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆွေးနွေး ရာတွင် ရှန်စီပြည်နယ်နှင့် မြန်မာနိုင်ငံအကြား ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် မြန်မာနိုင်ငံရှိ စီးပွားရေးအခွင့်အလမ်းများအကြောင်း မိတ်ဆက်ပြောကြားခဲ့သည်။ 

 ယင်းဖိုရမ်တွင် တရုတ်နိုင်ငံရှန်စီပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ခရီးသွားကဏ္ဍ၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်စေရေး စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး အသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊    တွဲဖက်အထွေထွေအတွင်းရေးမှူးများဖြစ်ကြသော ဦးကျော်ဒေဝနှင့် ဒေါက်တာ ဝင်းစည်သူ၊ အမှုဆောင်အရာရှိချုပ် ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။                       ‌                       

ကျော်ဆန်းမြင့်






အခြားဆက်စပ်သတင်းများ