နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
AFC Cup အုပ်စုလက်ကျန်ပွဲစဉ်များ ဗီယက်နမ်နိုင်ငံမှာ ကျင်းပသွားမည်

ရန်ကုန် ဩဂုတ်  ၆


ရန်ကုန်ယူနိုက်တက်အသင်းရဲ့  AFC Cup အာဆီယံဇုန်အုပ်စု(စ) လက်ကျန်ပွဲစဉ်များအားလုံးကို ဗီယက်နမ် နိုင်ငံမှာ ကျင်းပသွားမယ်လို့ အာရှဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။


COVID-19   ရောဂါကြောင့် ယခုနှစ် AFC Cup အဖွဲ့ချုပ်က ယခင်က အိမ်ကွင်း၊ အဝေးကွင်းနှစ်ကျော့ စနစ်အစားသင့်လျော်သည့် အိမ်ရှင်နိုင်ငံတစ်နိုင်ငံစီရွေးချယ်ကျင်းပရန် အာရှဘောလုံးအဖွဲ့ချုပ်က ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ပါတယ်။ အုပ်စု(စ)ရဲ့ လက်ကျန်ပွဲစဉ်များကို စက်တင်ဘာ ၂၃ ရက်၊ ၂၇ ရက်၊ ၂၉ ရက် တွေမှာ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ရှိ သောင်နုတ်အားကစားကွင်းကြီးမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ရန်ကုန်ယူနိုက်တက်အသင်းဟာ ၂၀၂၀ AFC Cup အာဆီယံဇုန် အုပ်စု(စ)တွင် စင်ကာပူကလပ်ဟိုဝန်အသင်း၊ ဗီယက်နမ်ကလပ်ဟိုချီမင်းစီးတီး၊ လာအိုကလပ် လာအိုတိုယိုတာတို့နဲ့ တစ်အုပ်စုတည်းကျနေပါတယ်။


ရန်ကုန်ယူနိုက်တက်ဟာ ပထမအကျော့ သုံးပွဲကစားပြီးချိန်မှာ  နှစ်ပွဲနိုင်၊ တစ်ပွဲသရေနဲ့ ရမှတ် ၇ မှတ်ဖြင့် အုပ်စုဒုတိယနေရာမှာရပ်တည်နေတာကြောင့် နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်းကို ပိုင်ဆိုင်ထားပါတယ်။ ရန်ကုန် FC ဟာ AFC Cup အုပ်စုလက်ကျန်ပွဲစဉ်တွေအဖြစ် စက်တင်ဘာ ၂၃ ရက်နေ့တွင် စင်ကာပူကလပ် ဟိုဂန်အသင်း၊ စက်တင်ဘာ ၂၆ ရက်တွင် ဗီယက်နမ်ကလပ် ဟိုချီမင်းစီးတီး၊ စက်တင်ဘာ ၂၉ ရက်မှာ လာအိုကလပ် လာအိုတိုယိုတာအသင်းတို့နဲ့  ယှဉ်ပြိုင်ကစားရမှာပါ။ ယခုနှစ် AFC Cup အာဆီယံဇုန်အကြို ဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကျင်းပမယ့်ရက်နဲ့နေရာကို ဩဂုတ်လနောက်ဆုံးပတ်မှာ ထုတ်ပြန်ပေးမယ်လို့ သိရှိရပါတယ်။                                                                                                                                                      


  (SO)






အခြားဆက်စပ်သတင်းများ