နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၃ ကြိမ်မြောက် Triveneto Meeting ပြေးခုန်ပစ်ပြိုင်ပွဲမှာ အစွမ်းပြခဲ့တဲ့ ရီကီနှင့် ပေါ့ဇီ

ဩဂုတ်  ၆


အီတလီနိုင်ငံ တရစ္စတီတွင် ဩဂုတ်လ ၁ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ (၁၃) ကြိမ်မြောက်  Triveneto Meeting ပြေးခုန်ပစ်ပြိုင်ပွဲမှာ စကော့တလန်မှ ဂျန်မာရီကီနဲ့ ဗြိတိန်မှ အင်ဒရူးပေါ့ဇီတို့ အစွမ်းပြအောင်ပွဲခံခဲ့ကြောင်း သိရပါတယ်။


 မီတာ ၈၀၀ ပွဲစဉ်မှာ ရီကီက လေ့ကျင့်ဖော် ရာမူရာကို နောက်ဆုံး ငါးမီတာမှာ ၀ ဒသမ ၀၂ စက္ကန့်ဖြတ်၍ စံချိန် ၁ မိနစ် ၅၉  ဒသမ ၅၂ စက္ကန့်ဖြင့်အနိုင်ရခဲ့ပါတယ်။ ဒီအောင်ပွဲဟာ ယူ-၂၃ တံခွန်စိုက်နှစ်ကြိမ်ဆက်ဗိုလ်စွဲထားခဲ့တဲ့ ရီကီအတွက် ကြီးမာတဲ့အောင်ပွဲတစ်ရပ်ဖြစ်တဲ့အပြင် ရီကီတင်ထားတဲ့ ပြီးခဲ့တဲ့နှစ် အကောင်းဆုံးစံချိန်ကို ၂ စက္ကန့် နီးပါးဖြင့် ကျော်ဖြတ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။


အမျိုးသမီး မီတာ ၁၁၀ တန်းကျော်ပြေးပွဲမှာတော့ ဗြိတိန် ပြေးခုန်ပစ်မယ် အင်ဒရူးပေါ့ဇီက ၁၃ ဒသမ ၃၆ စက္ကန့်ဖြင့်အနိုင်ရခဲ့ပေမယ့် သူရဲ့စွမ်းဆောင်ရည်ကို သူကိုယ်တိုင် ကျေနပ်အားရခြင်းမရှိသေးပါဘူးဟုဆိုပါတယ်။ ပေါ့ဇီဟာ ဩဂုတ်လ ၁၁ ရက်နေ့မှာ ကျင်းပနေဆဲဖြစ်တဲ့ ကမ္ဘာ့ပြေးခုန်ပစ်တိုက်ကြီးများ ပတ်လည်ပြိုင်ပွဲကိုလည်း ပါဝင်ယှဉ်ပြိုင်သွားဉီးမယ်လို့ သိရပါတယ်။                                         


(SO)






အခြားဆက်စပ်သတင်းများ