နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကူဘိုကို ဘိုင်ယန်မြူးနစ်အသင်းထံသို့ အငှားချရန် ငြင်းဆန်ခဲ့သည့် ရီးရဲလ်မက်ဒရစ်

ဩဂုတ်  ၆


ရီးရဲလ်မက်ဒရစ်အသင်းသည် ဂျပန်လူငယ်ကြယ်ပွင့် ကူဘိုကို ဘိုင်ယန်မြူးနစ်အသင်းထံ အငှားချသွားမည် မဟုတ်ဘဲ စပိန်လာလီဂါကလပ်အသင်းတစ်သင်းဆီသို့သာ ထပ်မံအငှားချသွားမည်ဖြစ်ကြောင်း သိရသည်။


အသက် ၁၉ နှစ်အရွယ်ရှိ ကူဘိုသည် ပြီးခဲ့သည့်နွေရာသီက တိုကျို FC အသင်းမှ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့ လာသူဖြစ်ပြီး ၂၀၁၉-၂၀ ဘောလုံးရာသီမှာ မာယော့ကာအသင်းမှာ အငှားသွားရောက်ကစားခဲ့သူဖြစ်သည်။ ကူဘို၏ခြေစွမ်းကို ဘိုင်ယန်မြူးနစ်အပါအဝင် ဥရောပကထိပ်သီးအသင်းတော်တော်များများက စိတ်ဝင်စား ခဲ့ကြသည်။


စပိန်သတင်းစာ AS ၏ အဆိုအရ ဘိုင်ယန်မြူးနစ်အသင်းသည် တောင်ပံကစားသမားအတွက် ပေါင် ၄ ဒသမ ၅ သန်းဖြင့် အငှားကမ်းလှမ်းခဲ့သော်လည်း ရီးရဲလ်မက်ဒရစ်အသင်းက ပယ်ချခဲ့ပြီး စပိန်ကလပ်အသင်းတစ်သင်း ဆီသို့သာ ထပ်မံအငှားချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါအသင်းမှာ  အာဆင်နယ်နည်းပြဟောင်း အူနိုင်းအမ်မရီ ကိုင်တွယ်နေသည့် ဗီလာရီးရဲလ်အသင်းဖြစ်ကြောင်း သတင်းများက ဖော်ပြနေကြသည်။            


(သူရိန်)






အခြားဆက်စပ်သတင်းများ