နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကစားသမားသစ်နှစ်ဦးခေါ်ပြီးတာတောင် နောက်သုံးဦးထပ်ခေါ်ချင်နေတဲ့ ပက်ဂွါဒီယိုလာ

ဩဂုတ်  ၆


မန်စီးတီးနည်းပြ ဂွါဒီယိုလာဟာ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဆုဖလားကိုရရှိဖို့ လက်ရှိ နာသန်အကီနဲ့ ဖာရန်တောရက်စ်တို့ကိုခေါ်ယူပြီးပေမယ့် နောက်သုံးဦးထပ်ပြီးခေါ်ဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။ နည်းပြ ဂွါဒီယိုလာဟာ ကစားသမားအားဖြည့်ဖို့ ပြောင်းရွှေ့ကြေး ပေါင်သန်း ၃၀၀ သုံးစွဲခွင့်ရရှိထားပြီးဖြစ်ပါတယ်။


နည်းပြကြီး နောက်ခေါ်ချင်နေတဲ့ ကစားသမားတွေက နောက်ခံလူ ကူလီဘာလီ၊  တိုက်စစ်မှူး ဂျိုအာဖိလစ်နဲ့ နောက်တိုက်စစ်မှူးတစ်ယောက်တို့ပဲ ဖြစ်ပါတယ်။ မန်စီးတီးဟာ  ပရီးမီးယားလိဂ်မှာ လီဗာပူးလ်ကြောင့် သုံးနှစ်ဆက်ရရှိမယ့် ဆုဖလားဆုံးရှုံးခဲ့ရတာကြောင့် နောက်လာမယ့်ရာသီမှာ ပြန်ရရှိနိုင်ဖို့အတွက် ရည်မှန်းချက် ထားလျက်ရှိပါတယ်။ လက်ရှိမှာ အင်္ဂါနေ့က ဗလန်စီယာအသင်းက ဖါရန်တောရက်စ်ကိုခေါ်ယူပြီး ဘုန်းမောက် အသင်းက နာသန်အကီကိုခေါ်ဖို့လည်း သဘောတူညီချက်ရရှိပြီးဖြစ်ပါတယ်။  နောက်ခေါ်ယူမှာက နာပိုလီ အသင်းရဲ့ခံစစ်မှူး ကူလီဘာလီ ပေါင် ၃၇ သန်း၊ အက်သလက်တီကိုရဲ့ တိုက်စစ်မှူး ဂျိုအာဖိလစ် ပေါင် ၄၁ သန်းတို့အပြင် ပေါင်သန်း ၁၀၀ တန်တိုက်စစ်မှူးတစ်ဦးကိုပါ ထပ်ခေါ်မယ်ဆိုရင် ပေါင်သန်း ၂၀၀ ကျော်ထိ သုံးစွဲနိုင်ပါသေးတယ်။       

 (SO)






အခြားဆက်စပ်သတင်းများ