နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အကောင်းဆုံးအချိန်တွေ ယခုပိုင်ဆိုင်နေပါပြီဆိုတဲ့ နေမာ

ဩဂုတ်  ၆


နေမာဟာ ၂၀၁၇ ခုနှစ်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၂၂၂ သန်းနဲ့ ဘာစီလိုနာကနေ PSG အသင်းကို ပြောင်းခဲ့တဲ့သူပါ။ PSG အသင်းဟာ ပြီးခဲ့ပြီးတဲ့ရာသီမှာ လီဂူး-၁ ချန်ပီယံ၊ Coupe de France ၊ Coupe deLa Ligue နဲ့ Throphee des Champion ဆုတို့ကို ဆွတ်ခူးရာမှာ နေမာလည်းပါဝင်ခဲ့ပါတယ်။


အက်တလန်တာအသင်းနဲ့ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲအတွက် အကောင်းဆုံးပြင်ဆင်မှု တွေလုပ်နေတဲ့နေမာက သူရဲ့တရားဝင်ဝက်ဆိုဒ်မှာ “ဒီသုံးနှစ်တာအတွင်း ဗဟုသုတတွေများစွာရရှိခဲ့ပါတယ်။


ကျွန်တော်လည်း ပျော်ရွှင်စွာနဲ့အချိန်တွေကိုဖြတ်သန်းနေခဲ့ပါတယ်။ ဒဏ်ရာရလို့မကစားနိုင်တဲ့အချိန်မှာတော့ အဆင်မပြေမှုတွေရှိခဲ့ပေမယ့် အသင်းဖော်တွေရဲ့အကူအညီတွေနဲ့ အခက်အခဲတွေ အဆင်မပြေမှုတွေကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ကစားသမားတိုင်းဟာ ကွင်းထဲမှာ ခြေစွမ်းပြဖို့ကအရေးကြီးပါတယ်။ ကျွန်တော် အာရုံစိုက်ကြိုးစားခဲ့ပါတယ်။


ကျွန်တော်တို့အသင်းဟာ  ပွဲစဉ်တိုင်းမှာ အကောင်းဆုံးပေးဆပ်ကစားခဲ့တယ်ဆိုတာ ပရိသတ်တွေ၊ ကလပ်အသင်းကတာဝန်ရှိသူတွေ အခြားအသင်းပရိသတ်တွေသိကြမှာပါ။ ဒါကြောင့် ဒီကနေ့ပဲရစ်မှာအကောင်းဆုံးအချိန်တွေကို ကျွန်တော်ပိုင်ဆိုင်နေပါပြီလို့ ယုံကြည်မိပါတယ်။ PSG  အသင်းဟာ မိသားစုလိုပါပဲ၊  အသင်းကလူတိုင်းကို မိသားစုအရင်းလိုပဲ ဦးစားပေးအလေးထားကြပါတယ်။ ဒီအတွက် ကျွန်တော်တို့ဒီရာသီကို ချန်ပီယံလိဂ်ချန်ပီယံအနေနဲ့ အဆုံးသတ်ချင်နေတာကြောင့် အစွမ်းကုန်ကြိုးစားသွားမှာပါ” လို့ သူ့ရဲ့ခံစားချက်ပြောပြခဲ့ပါတယ်။                                                           


(SO)






အခြားဆက်စပ်သတင်းများ