ရန်ကုန် ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်၊ ဒလမြို့နယ်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်အောင် ဦးဆောင်မှုဖြင့် သြဂုတ် ၅ ရက် နံနက် ၈ နာရီက စည်ပင်ဝန်ထမ်းများမှ ဒလမြို့အဝင် တာကြီးရပ်ကွက်၊ ဒလတွံတေးကားလမ်းမကြီးဘေးဝဲ/ယာရှိ မြက်ရိုင်းချုံနွယ်သစ်ပင်များအား မြို့နယ်သန့်ရှင်းသာယာလှစေရေးအတွက် ခုတ်ထွင်ရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်အောင်၊ ပန်းဥယျာဉ်ဌာန တာဝန်ခံ ဦးဝင်းမိုး၊ သန့်ရှင်းရေးဌာနတာဝန်ခံ ဦးဇာနည်ထွန်း၊ တာကြီးရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့်ရပ်မိရပ်ဖများမှ အနီးကပ် ကြီးကြပ်ဆောင်ရွက်ပေးကာ လိုအပ်သည်များ ပံ့ပိုးကူညီပေးခဲ့စဉ်။
အံ့ကြီးမောင်(ဒလ)