နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပင်လည်ဘူးမြို့နယ်၌ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ပင်လည်ဘူး ဧပြီ ၁၆ ဧပြီ ၁၅ ရက်၊ နံနက် ၁ နာရီခွဲအချိန်၌ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ် ဖွဲ့မှ တပ်ဖွဲ့ဝင်များဦးစီးသည့်ပူးပေါင်းအဖွဲ့သည် သတင်းအရ ပင်လည်ဘူး-ဗန်းမောက်သွား ကားလမ်းတွင် ပင်လည်ဘူးမြို့နယ်ဘက်မှ သရက်ကုန်း-ကူးဆိပ်ဘက်သို့ ဇော်လင်းဦး(၂၆)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အားစစ်ဆေးရာ ဆိုင်ကယ် ရှေ့ခွကြားတွင် ပလပ်စတစ် အိတ်ဖြင့် ထည့်လျက် ဘိန်းဖြူ ၁၁၀ ဂရမ်နှင့် ဘိန်းမဲ ၃၂၆ ဒသမ ၆ ဂရမ်တို့အား ဖမ်းဆီးရမိခဲ့သဖြင့် ဇော်လင်းဦး (ဖမ်းမိ)အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သောဆေးဝါးများဆိုင်ရာဥပဒေအရ စစ်ဆေးအရေးယူလျက်ရှိကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ