နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Air KBZ လေကြောင်းလိုင်းမှရန်ကုန်-မန္တလေး-လားရှိုး-မန္တလေး-ရန်ကုန်ခရီးစဉ်ကို တနင်္ဂနွေနေ့များတွင် ထပ်တိုးပျံသန်းပြေးဆွဲပေးသွားမည်

ရန်ကုန်  ဩဂုတ်  ၅


Air KBZ လေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး-လားရှိုး-မန္တလေး-ရန်ကုန်ခရီးစဉ်ကို တနင်္ဂနွေနေ့ များတွင်ထပ်တိုးပျံသန်းပြေးဆွဲ ပေးသွားမည်ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်း၏ ဩဂုတ် ၄ ရက် နေ့ထုတ်ပြန်သတင်းများအရသိရသည်။


Air KBZလေကြောင်းလိုင်းမှ ရန်ကုန်-မန္တလေး-လားရှိုး-မန္တလေး-ရန်ကုန်ခရီးစဉ်အား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၉ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိ  တနင်္ဂနွေနေ့များတွင် တိုးချဲ့ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ် သည်။ 

ထိုသို့ပျံသန်းပြေးဆွဲပေးရာတွင် ရန်ကုန်မှ နံနက် ၈ နာရီတွင် ထွက်ခွာကာ မန္တလေးမြို့သို့ နံနက် ၉ နာရီ ၃၅ မိနစ်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ မန္တလေးမြို့မှ နံနက် ၉ နာရီ မိနစ် ၅၀ တွင် ပြန်လည်ထွက်ခွာ  ကာ လားရှိုးမြို့သို့ နံနက် ၁၀ နာရီ ၄၀ မိနစ်အချိန်တွင် ဆိုက်ရောက်မည်ဖြစ်သည်။ လားရှိုးမြို့မှ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် ပြန်လည် ထွက်ခွာကာ မန္တလေးမြို့သို့ နံနက် ၁၁ နာရီ ၄၅ မိနစ်တွင် ပြန်လည်ဆိုက်ရောက်မည်ဖြစ်သည်။ ထို့နောက်ဆက်လက်၍ မန္တလေးမြို့မှ မွန်းတည့် ၁၂ နာရီတွင် ပြန်လည်ထွက်ခွာကာ ရန်ကုန်မြို့သို့ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် ပြန်လည်ဆိုက်ရောက်မည်ဖြစ်သည်။ အဆိုပါခရီးစဉ်အတွက် လေယာဉ်လက်မှတ်များကို Air KBZ တွင် Booking တင် ဝယ်ယူသည့်အပြင် Air KBZ & MAI Mobile App, K7 Chatbotနှင့်Website များတွင်လည်း Booking တင်ဝယ်ယူနိုင်ပြီး Agent များတွင်လည်း ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

                                                                                       

ကိုသစ္စာလှိုင်






အခြားဆက်စပ်သတင်းများ