နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များအကြား ပိုမိုသိရှိအလေးထားစေရန်ရည်ရွယ်၍ ပန်းထိမ်အထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးသွားမည်

နေပြည်တော်၊  ဩဂုတ်  ၅
မြန်မာ့ယဉ်ကျေးမှုသုခုမအနုပညာရပ်များကို မျိုးဆက်သစ်လူငယ်များအကြား ပိုမိုသိရှိအလေးထားစေရန် ရည်ရွယ်၍ ပန်းထိမ်အထိမ်းအမှတ် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း၏ ဩဂုတ် ၄ ရက် ထုတ်ပြန်သတင်းများအရ သိရသည်။


အဆိုပါ သုခုမအနုပညာပန်းဆယ်မျိုးတွင် အပါအဝင်ဖြစ်သော ပန်းထိမ်အထိမ်းအမှတ် အထူးထုတ် စာပို့ တံဆိပ်ခေါင်းသစ်မှာ ၂၀ဝ ကျပ်တန်တံဆိပ်ခေါင်းများဖြစ်ပြီး အလျား ၃၀ mm နှင့် အနံ ၄၂  mm အရွယ်အစားရှိ  တံဆိပ်ခေါင်းဖြစ်သည်။


အဆိုပါတံဆိပ်ခေါင်းများကို ဩဂုတ် ၇ ရက်၊ နံနက် ၉ နာရီခွဲမှစတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ စာတိုက်များတွင် ရောင်းချပေး  သွားဖြစ်သည်။


ထို့အပြင် အဆိုပါနေ့တွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် (Firstday Cover)များပေါ်တွင် နေ့စွဲအမှတ်အသားတံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်သည်။
မြန်မာ့စာတိုက်လုပ်ငန်းအနေနှင့် ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၄ ရက်နေ့ကလည်း ပန်းပဲအထိမ်းအမှတ် အထူး ထုတ် စာပို့တံဆိပ်ခေါင်းသစ် (၂၀ဝ ကျပ်တန်) ကို ထုတ်ဝေရောင်းချပေးခဲ့ကြောင်း သိရသည်။


(ရွှေဒုံသစ္စာ)






အခြားဆက်စပ်သတင်းများ