နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန်လျင်၌ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းကို Online Booking ရယူပြီးမှသာ ဆောင်ရွက်ရမည်

ရန်ကုန်၊  ဩဂုတ်  ၅


ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်ရှိ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (တောင်ပိုင်းခရိုင်) ရုံးတွင် ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်းအား COVID- 19 ရောဂါ ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း Online Booking ရယူပြီးမှသာ သက်တမ်းတိုးလုပ်ငန်းများ ဆောင်ရွက် ရမည်ဖြစ်ကြောင်း သြဂုတ် ၅ ရက် နံနက် ၁၀ နာရီက အဆိုပါရုံးမှ သိရသည်။


ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် COVID- 19 ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက် ပျံ့နှံမှုမရှိစေရေးအတွက် လူစုလူဝေးဖြင့်ဆောင်ရွက်သောလုပ်ငန်းများအား ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ယာဉ်မောင်း လိုင်စင် က၊ က-၁၊ ခ၊ ဃ၊ င လိုင်စင်များ သက်တမ်းတိုးခြင်းလုပ်ငန်းကို Online Booking ရယူပြီးမှသာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ COVID- 19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး Online Booking ရယူရန်အတွက် www.rtad.gov.mm ထဲကိုဝင်ရောက်ကာ ယာဉ်မောင်းလိုင်စင် သက်တမ်းတိုး (ရန်ကုန်) ကိုနှိပ်ပြီး လျှောက်ထားနိုင်ကြောင်း သိရသည်။


သက်ခိုင်(သန်လျင်)






အခြားဆက်စပ်သတင်းများ