နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သန်လျင်- သုံးခွ- ခရမ်းမြို့နယ်သွားလမ်းမကြီး၌ အလိုအလျောက် ကိုယ်အပူချိန်တိုင်းစက်ဖြင့် COVID-19 ကာကွယ်ရေး ကျန်းမာရေးစစ်ဆေး

ရန်ကုန် ဧပြီ ၁၆ ရန်ကုန်မြို့၏ တစ်ဖက်ကမ်း သန်လျင်မြို့နယ်တွင် COVID-19 ရောဂါ ကာကွယ်တားဆီးရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက် ရှိရာ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်မှတစ်ဆင့် ရန်ကုန်မြို့သို့ ဖြတ်သန်းသွားလာကြမည့် မော်တော်ယာဉ်များနှင့် ပြည်သူများအား COVID-19 ရောဂါကာကွယ်ရေး စုပေါင်းအဖွဲ့ဖြင့် ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် သန်လျင်မြို့နယ်သို့ အဝင်၊ စစ်ပင်ကွင်းကျေးရွာအုပ်စုအနီးရှိ သန်လျင်၊ သုံးခွ၊ ခရမ်း လမ်းမကြီးဘေး၌ စုပေါင်းစစ်ဆေးရေးဂိတ်ဖွင့်လှစ်ပြီး ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်ကို ဧပြီ ၁၅ ရက် မွန်းလွဲ ၁ နာရီအချိန်က တွေ့မြင်ရစဉ်။ သက်ခိုင်(သန်လျင်)






အခြားဆက်စပ်သတင်းများ