နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ရှင်အသင်းကို မကြောက်ရွံ့ပါဘူးဆိုတဲ့ လိုင်ယွန်တိုက်စစ်မှူး မန်ဖစ်ဒီပိုင်း

ဩဂုတ်  ၅


ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်အဖြစ် ဂျူဗင်တပ်နဲ့ လိုင်ယွန်တို့ ဩဂုတ် ၈ ရက်မှာ ယှဉ်ပြိုင်ကြရမှာပါ။ ဂျူဗင်တပ်ဟာ ပွဲစဉ်တွေများစွာကစားထားရတဲ့အပြင် စီးရီးအေချန်ပီယံဆုကို ရရှိထားတဲ့အသင်းပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းကတော့ အိမ်ရှင် ဂျူဗင်တပ်ကိုကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့အတွက် အခွင့်အရေးတွေများစွာရှိနေပါတယ်လို့ လိုင်ယွန်တိုက်စစ်မှူး မန်ဖစ်ဒီပိုင်း က ပြောဆိုလိုက်ပါတယ်။


COVID စဖြစ်ကတည်းက ပြင်သစ်လီဂူးပွဲတွေရပ်နားထားခဲ့လို့ လိုင်ယွန်ပွဲဆက်ပျက်နေခဲ့ပါတယ်။ ပွဲတွေ ပြန်စပြီး ပြီးခဲ့တဲ့ရက်ပိုင်းက  PSG နဲ့ ပြင်သစ်လိဂ်ဖလားဖိုင်နယ်ကစားခဲ့ရာမှာ ကံဆိုးခဲ့ပြီးပင်နယ်တီနဲ့ရှုံးခဲ့ပါ တယ်။ လက်ရှိမှာ ဂျူဗင်တပ်အသင်းဟာ ပွဲများစွာကိုပြန်လည်ကစားထားရပြီး စီးရီးအေချန်ပီယံလည်းဖြစ်ခဲ့တာကြောင့် စိတ်ဓာတ်ပိုင်းတက်ကြွနေမှာပါ။ ခုပွဲကိုလည်း ဂျူဗင်တပ်ကွင်းဖြစ်တဲ့ အလိုင်းရန့်မှာ ကစားရမှာဆိုတော့ ဂျူဗင်တို့ အခွင့်အရေးပိုကောင်းနေပါတယ်။ ပထမအကျော့မှာ လိုင်ယွန်က အိမ်ကွင်းမှာ ၁-၀ နဲ့နိုင်ထားတာပါ။ ဒီပွဲမှာ ဒီပိုင်းဒဏ်ရာရနေလို့မပါဝင်ခဲ့ပါဘူး။


ဒီပိုင်းက “ပထမအကျော့မှာ အသင်းသားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ် တွေကို မြင်လိုက်ရပါတယ်။ ပျော်ရွှင်ခဲ့မိပါတယ်။ လက်ရှိဂျူဗင်ဟာ ကျွန်တော်တို့ထက်ပွဲအများကြီးကစားထား ရပါတယ်။ ကျွန်တော်လည်း ဒီပွဲစဉ်မှာပါဝင်ကစားရဖို့မျှော်လင့်နေပါတယ်။ အဆင်သင့်လည်းဖြစ်နေပါပြီ၊ အသင်းတိုင်းမှာ အခွင့်အရေးတွေရှိနေပါတယ်။  ဘာကြောင့်လဲဆိုတော့ တစ်ပွဲတည်းကစားရမယ့်ပွဲမှာ အသင်း တိုင်း မီးကုန်ယမ်းကုန်ကစားကြမှာပါ။ ကျွန်တော့်အသင်းဟာ နောက်တစ်ဆင့်တက်ဖို့ရေပန်းစားနေတဲ့ အသင်းမဟုတ်ပေမယ့် ဂျူဗင်တပ်ကိုလည်း ကျွန်တော်တို့ကြောက်နေမှာမဟုတ်ပါဘူး”လို့ ထုတ်ဖော်ပြောဆို  လိုက်ပါတယ်။                                                                                                                             


(SO)






အခြားဆက်စပ်သတင်းများ