နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
WGC-FedEx St.Jude ဖိတ်ခေါ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ချန်ပီယံဆုကို ဂျက်စတင်သောမတ်စ် ဆွတ်ခူး

ဩဂုတ်  ၅


အမေရိကန်နိုင်ငံ၊ မန်ဖစ်မြို့၌ ကျင်းပခဲ့သည့် WGC-FedEx St.Jude ဖိတ်ခေါ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲတွင် အမေရိကန်နိုင်ငံသား ဂျက်စတင်သောမတ်စ်က သတ်မှတ်ရိုက်ချက်ထက် ၁၃ ချက် လျှော့ရိုက်ကာ ချန်ပီယံဆု ဆွတ်ခူးခဲ့ကြောင်း သိရသည်။


အဆိုပါပြိုင်ပွဲတွင် ဂျက်စတင်သောမတ်စ်သည် တစ်နိုင်ငံတည်းသား ကီအွတ်ကာ၊ ဒန်နီရယ်ဘာဂါနှင့် ဖီးလ်မက်ကယ်ဆန်၊ အင်္ဂလန်နိုင်ငံသား တွမ်လူးဝစ်တို့ကို သုံးချက်အသာဖြင့်ကျော်ဖြတ်ကာ ချန်ပီယံဆု ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။


အဆိုပါပြိုင်ပွဲ၏ လက်ရှိချန်ပီယံ ကီအွတ်ကာသည် ပြိုင်ပွဲနောက်ဆုံးနေ့၌ ဂျက်စတင်သောမတ်စ်နှင့် တစ်ချက်ကွာခဲ့သောကြောင့် ဒုတိယနေရာ၌သာ ရပ်တည်နိုင်ခဲ့သည်။
အသက် ၂၆ နှစ်အရွယ်ရှိ ဂျက်စတင် သောမတ်စ်သည် ကစားသမားဘဝတစ်လျှောက် တစ်ခုတည်းသော မေဂျာဆုဖလားအဖြစ် ၂၀၁၇ ခုနှစ် ယူအက်စ်ပီဂျီအေပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့ဖူးသည်။                         


(သူရိန်)






အခြားဆက်စပ်သတင်းများ