ရန်ကုန် ဩဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊တောင်ပိုင်းခရိုင်၊ဆိပ်ကြီးခနောင်တိုမြို့နယ်၌မိုးရာသီကာလမြစ်၊ချောင်းများ ဒီရေတက်ချိန်တွင် စက်တပ်ရေယာဉ်(သမ္ဗန်)စီးခရီးသည်များ အန္တရာယ်ကင်းရှင်းစေရေးအတွက်ကူညီစောင့်ရှောက်မှုဆောင်ရွက်ပေးခြင်းကို ဩဂုတ် ၄ ရက် ညနေ ၄ နာရီမှစ၍ ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ“ရွှေရန်ကုန်” စက်တပ်ရေယာဉ်ဂိတ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာန၊မြို့နယ်ရဲတပ်ဖွဲ့နှင့်ပရဟိတအဖွဲ့တို့ပါဝင်သည့်ပူးပေါင်းအဖွဲ့မှ ကူညီဆောင်ရွက်ပေးလျက်ရှိစဉ်။
ဝေယံ(ဆိပ်ကြီးခနောင်တို)