ရန်ကုန် ဩဂုတ် ၅
အများပြည်သူ ဖူးမြော်ခွင့်များသည့် အထင်ကရ ဘုရား၊စေတီများကို ဆေးလိပ်ကင်းစင်ရေးနယ်မြေသတ် မှတ်ရန် စီစဉ်ထားပြီး လက်ရှိတွင် ပုဂံဘုရားနှင့် ကျိုက်ထီးရိုး ဘုရားတို့တွင် ဆေးလိပ်ကင်းစင်ရေး နယ်မြေအဖြစ် သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေဖောင်းဒေးရှင်းမှ သိရသည်။
လက်ရှိတွင် COVID - 19 ကာလဖြစ်သည့်အတွက် ဘုရား/စေတီပုထိုးများ ပိတ်ထားဆဲ ကာလဖြစ်ခြင်းကြောင့် ဆေးလိပ်ကင်းစင်ရေးလှုပ်ရှားမှု အစီအစဉ်များနှောင့်နှေးနေမှုရှိကာ လက်တလောတွင် ဘုရား၊စေတီများ၏ နယ်မြေ ဝန်းကျင်ရှိ စားသောက်ဆိုင်များကို COVID - 19 နှင့် ဆေးလိပ်ရှောင်ရှားရန် စည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်သွားရန် ဆေးလိပ်ငွေ့ကင်းစင်ရေးနယ်မြေ အဖြစ် လုပ်ဆောင်သွားရန် စီစဉ်နေကြောင်း သိရသည်။
“ ပုဂံဘုရားဖွင့်တာနဲ့ ဆောင်ရွက်သွားရန်ရှိတယ်။ ဒါကို ဆောင်ရွက်သွားဖို့လည်း စီစဉ်ပြီးသား ပါ။ ပုဂံပြီးတာနဲ့ ကျိုက်ထီးရိုးဘုရားစေတီကို ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်”ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာ သန်းစိန် က ပြောသည်။
အဓိကအနေဖြင့် ဆေးလိပ်ငွေ့ ကင်းစင်ရေး ရွေးချယ် ဆောင်ရွက်ရာ၌ အများပြည်သူနှင့် နိုင်ငံခြားသား များ ဝင်/ထွက် မှုအများဆုံး နေရာများကို ရွေးချယ် လုပ်ဆောင် နေခြင်းဖြစ်ကြောင်း၊လက်ရှိ မန္တလေးမဟာ မြတ်မုနိဘုရားကြီး၊ ကျောက်တော်ကြီး၊ ပင်းတယလိုဏ်ဂူ၊ အင်းလေးဖောင်တော်ဦးဘုရား ရှမ်းပြည်နောင်ချို စသည့်နေရာများတွင် ဆေးလိပ်ကင်းစင်နယ်မြေအဖြစ် သတ်မှတ်ထားရှိကြောင်း သိရသည်။
မေဘယ်လ်အောင်