နေပြည်တော်၊ ဩဂုတ် ၅
နေပြည်တော်စည်ပင်သာယာရေးကော်မတီပိုင် စိန်တစ်လုံးသရက်ခြံလေးခြံကို ပုဂ္ဂလိကလုပ်ငန်းပိုင်ရှင် များနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေး ကော်မတီ၏ ဩဂုတ် ၄ ရက် ထုတ်ပြန်သတင်းများအရ သိရသည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီပိုင် စိန်တစ်လုံးသရက်ခြံလေးခြံကို ၂၀၂၁ ခုနှစ်မှ စတင်ကာ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင်ဆောင်ရွက်သွားမည် ဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရာတွင် သရက်သီးရာသီတစ်နှစ်ချင်းအတွက် သက်တမ်းတိုးစနစ်ဖြင့် ငါးနှစ်ကာလအထိ အကျိုးတူလုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ကြောင့် အကျိုးတူပူးပေါင်းဆောင်ရွက်လိုသည့် ပုဂ္ဂလိကလုပ်ငန်းပိုင်ရှင်များ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
တင်ဒါအဆိုပြုလွှာပုံစံများကို နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ထုတ်လုပ်ရေးဌာနတွင် ဇူလိုင် ၂၉ ရက်မှ စတင်ရောင်းချပေးနေပြီး သြဂုတ် ၁၀ ရက်၊ ညနေ ၄ နာရီတွင် တင်ဒါပိတ်သိမ်းမည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက ထုတ်လုပ်ရေးဌာန၊ ဖုန်းနံပါတ် ဝ၆၇-၈၁၀၈၀၁၅ နှင့် ဝ၉-၄၃၀၃၇၅၁၁ သို့ ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
(ကိုသစ္စာလှိုင်)