မန္တလေး၊ ဩဂုတ် ၅
နိုင်ငံတော်အစိုးရက Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စားသုံးဆီများ ပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်ရေးနှင့် ပြည်သူများကို ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်ဝယ်ယူထားသော စားအုန်းဆီ တန်ချိန် ၁၂၀ဝ၀ အနက် စားအုန်းဆီ ၁၄၃၆ ဒသမ ၇၁၀ တန်ကို မန္တလေးတိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သိုလှောင်ရုံများတွင် သြဂုတ် ၁ ရက်မှစတင်ပြီး လက်ခံသိုလှောင်လျက်ရှိကြောင်း တွေ့ရစဉ်။
မောင်ပြည်သူ(မန္တလေး)