နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တွင်းဓါတ်အားလိုင်းမလွတ်အပင်များရှင်းလင်း၊ စိမ်းလန်းစိုပြည်ရေးဆောင်ရွက်

ရန်ကုန် ဩဂုတ် ၄


မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ (မြေယာရှုခင်းနှင့်အားကစားကွင်းများ)မှ ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းနှင့်ပူးပေါင်း၍ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားလမ်း၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ် (၅)ရပ်ကွက်၊ ရွှေပြည်သာမြို့နယ် ဗန္ဓုလလမ်း၊ လှိုင်မြို့နယ်အင်းစိန်လမ်း၊ ဗဟန်းမြို့နယ် ဦးချစ်မောင်လမ်း၊ စမ်းချောင်းမြို့နယ် မြောင်းမြလမ်းတို့တွင်လျှပ်စစ်ဓါတ်အားလိုင်းနှင့်မလွတ်ကင်းသည့် အပင်များ ကိုင်းများအားရှင်းလင်းခဲ့ကြသည်။


ထို့အပြင် လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်ရေးအတွက် သင်္ဃန်းကျွန်းမြို့နယ် ပြည်ထောင်စုတံတားချဉ်းကပ်လမ်း၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)နှင့်ဒဂုံမြို့သစ်(တောင်ပိုင်း) ပြည်ထောင်စုလမ်း၊ ရွှေပြည်သာမြို့နယ် အမှတ် ၄ လမ်း၊ လှိုင်သာယာမြို့နယ် တွံတေးတံတားအဆင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် ကျန်စစ်သားလမ်း၊ မင်းရဲကျော်စွာလမ်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရွှေလီလမ်း၊ ပဲခူးမြစ်လမ်း၊ ပုဏ္ဏမီလမ်း၊ ဧရာဝဏ်လမ်း၊ ရတနာလမ်း၊ ဒဂုံမြလှိုင်မြို့နယ် ဗဟိုလမ်း၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သာယာလမ်း၊ သုမင်္ဂလာလမ်းတို့တွင်မြက် ခြုံ နွယ်များရှင်းလင်းခြင်း၊ ဝေဇယန္တာလမ်းလယ်ကျွန်းမြက်ဖြတ်ခြင်း၊ လှိုင်သာယာမြို့နယ် ဘုရင့်နောင်တြိဂံ ပြုပြင်ခြင်း၊ ဒေါပုံမြို့နယ် ဗန္ဓုလတြိဂံ အပင်များပုံသွင်းခြင်း၊ ရွှေပြည်သာမြို့နယ် (၉)ရပ်ကွက် ရတနာသိင်္ဂီလမ်း ရေမြောင်းမလွတ်အပင်ရှင်းခြင်း၊ ရန်ကင်းမြို့နယ် မြောက်မြင်းပြိုင်ကွင်းလမ်း အုပ်မိုးကိုင်းများရှင်းခြင်း၊ တာမွေမြို့နယ် ကျားကွက်သစ်လမ်း၊ ရန်ကင်းမြို့နယ် မဂ္ဂင်လမ်း၊ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူလမ်း၊ ၄၆ လမ်း တို့တွင်အန္တရာယ်ရှိအုန်းပင်၊ ဗန်ဒါပင်၊ ညောင်ပင်များရှင်းခြင်း၊ သာကေတ-ဒေါပုံ ဧရာဝဏ်လမ်း အပင်များဘောင်ခွေ မြက်ဖြတ်ခြင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် လမ်းသစ်လမ်းတွင် ပတ်ဝန်းကျင်စိမ်းလန်းလူမှုရေးအဖွဲ့နှင့်အတူ ခရေပင် ၁၀၀ စိုက်ခြင်း၊ လှိုင်သာယာမြို့နယ် ၁၉ ရပ်ကွက်ကစားကွင်း မြက်ခြုံများရှင်းခြင်း၊ မဟာဗန္ဓုလပန်းခြံနှင့်သခင်မြပန်းခြံ စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။


သတင်း- သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ