နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Air KBZ ၏ လေယာဉ်လက်မှတ်များကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာတိုက်ရုံးများတွင် ဝယ်ယူရရှိနိုင်

ရန်ကုန်၊  ဩဂုတ်  ၄


Air KBZ ၏ လေယာဉ်လက်မှတ်များအား မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာတိုက်ရုံးများတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်း၏ ထုတ်ပြန်သတင်းများအရ သိရသည်။ 

Air KBZ လေကြောင်းလိုင်းနှင့် ခရီးသွားလာနေကြသည့် ခရီးသည်များအနေနှင့် လေယာဉ်လက်မှတ် ဝယ်ယူရာတွင် အခက်အခဲမဖြစ်စေရေးနှင့် အလွယ်တကူဝယ်ယူရရှိနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအခါ Air KBZ လေကြောင်းလိုင်း၏ လေယာဉ်လက်မှတ်များကို မြန်မာနိုင်ငံတစ်ဝန်း လုံးရှိ စာတိုက်ရုံးပေါင်း  ၁၃၅ ရုံးတွင်အလွယ်တကူ သွားရောက်ဝယ်ယူနိုင်ပြီဖြစ်သည်။

အဆိုပါလေကြောင်းလိုင်းခရီးစဉ်များနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဝ၁-၉၆၇၀ဝ၀၇ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။ ထို့အပြင် Air KBZ လေကြောင်းလိုင်းနှင့် MAI လေကြောင်း လိုင်းများ၏ Sky Smile Member များအတွက် OSC Hospital တွင် Sky Smile Card ကိုပြ၍ ၅ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်းနှင့် ၁၅ ရာခိုင်နှုန်း Discount အခွင့်အရေးများ ရယူနိုင်ကြောင်း သိရသည်။ OSC Hospital တွင် Discount အခွင့်အရေးများ ရယူခံစားနိုင်မည့်ကာလမှာ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိဖြစ်သည်။ ထို့အပြင် အဆိုပါလေကြောင်းလိုင်းများ၏ Sky Smile Member များအတွက် အထူးလျှော့ဈေးများနှင့် အခြားသော အကျိုးခံစားခွင့်တွေလည်း ထပ်မံဆောင်ရွက်ပေးသွားရန်ရှိနေကြောင်း သိရသည်။ ခရီးသွားများအနေနှင့် အဆိုပါ Air KBZ သို့မဟုတ် MAI ဖြင့် တစ်ကြိမ်စီးနင်းပြီးသည်နှင့် www.airkbz.com သို့မဟုတ် www.maiair.com တွင် Registration လုပ်ပြီး Member ဝင်ရောက်နိုင်ကြောင်းသိရသည်။

(ရွှေဒုံသစ္စာ)






အခြားဆက်စပ်သတင်းများ