နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အထက်တန်းကျောင်းများအားလုံး ပြန်ဖွင့်မည့်ရက်ကို ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်မရဘဲ ကိုဗစ်ဗဟိုကော်မတီ၏ ညွှန်ကြားချက်ရမှာသာ ထုတ်ပြန်ပေးသွားမည်

ရန်ကုန်၊  ဩဂုတ်  ၄


ယခုအချိန်သည် ကိုဗစ်ကပ်ရောဂါဖြစ်ပွားနေသည့်ကာလဖြစ်သည့်အတွက် ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်မရဘဲ ကိုဗစ်ဗဟိုကော်မတီ၏ ညွှန်ကြားချက် အတိုင်းလုပ်ဆောင်ရကြောင်း၊ ညွှန်ကြားချက်ရပါက ကျောင်းဖွင့်မည့်ရက်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံးတွင် အထက်တန်းကျောင်း ၆၀ဝ၀ ကျော်ရှိသည့်အနက် ကိုဗစ်ကာလ  သတ်မှတ်ချက်ဖြစ်သည့် အချက် ၈၀ လုံးကို ပြင်ဆင်ထားနိုင်သော  အေ အဆင့်ရှိ ကျောင်းပေါင်း ၃၇၀ဝ ကျော်ကို   စတင်ဖွင့်လှစ်ပေးထားကြောင်း၊ ကျန်ကျောင်းများကိုလည်း ဆက်လက်ဖွင့်လှစ်နိုင်ရေး စစ်ဆေးမှုများ လုပ်ဆောင်နေ‌ကြောင်း သိရသည်။

"ခု အထက်တန်းတွေဖွင့်တယ်။ ပြီးမှ အလယ်တန်းတွေဖွင့်ဖို့စီစဉ်မယ်။ ပြီးမှ မူလတန်းတွေဆက်ဖွင့်ဖို့ တစ်ဆင့်ချင်းစီသွားရမှာဖြစ်တယ်။ အတိအကျ မပြောနိုင်သေးဘူး။ ကိုဗစ်ဗဟိုကော်မတီက ညွှန်ကြားချက်ကို လိုက်နာရတာပါ"ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြော သည်။

အထက်တန်းကျောင်း ၇၀ဝ၀ ကျော်လုံး ပြန်လည်ဖွင့်လှစ်နိုင်ပြီးမှသာ  အခြေခံပညာအဆင့် မူလတန်းနှင့် အလယ်တန်းကျောင်းများကို ပြန်ဖွင့်ရန် စီစဉ်သွားမည်ဖြစ်ဟု အခြေခံပညာဦးစီးဌာနမှ သိရသည်။ 

"အခြေခံပညာ မူလတန်းတွေ၊ အလယ်တန်းတွေ ပြန်ဖွင့်ရက်ကတော့ အတိအကျမသိရသေးဘူး။ သေချာ တာကတော့ ခု အထက်တန်းကျောင်း ၇၀ဝ၀ ကျော်ကို ဆရာတို့ စစ်နေတယ်။ နောက်ဆုံး အထက်တန်း ကျောင်းတွေ အကုန်လုံးဖွင့်သွားပြီဆိုတော့မှ အခြေအနေ တစ်လ စောင့်ကြည့်မယ်။ ပြီးတော့မှ အလယ်တန်း တွေကို စစ်ဆေးဖို့စီစဉ်ပါဆိုပြီး  ရှိပါတယ်" ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တင်မောင်ဝင်းကပင် ပြောသည်။

အထက်တန်းကျောင်းအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ပြီး အခြေအနေအဆင်ပြေမှုရှိ/မရှိကို တစ်လ အနည်းဆုံး စောင့်ကြည့်မည်ဖြစ်ကြောင်း၊ အခြေအနေကောင်းမွန်မှသာ အလယ်တန်းကို ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်မည်ဖြစ်သည်။


(မေဘယ်လ်အောင်)






အခြားဆက်စပ်သတင်းများ