နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုးအဆက်မပြတ်ရွာသွန်းနေမှုများကြောင့် အမြန်လမ်းမကြီးတွင် ရေများရောက်ရှိနေသဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ပေးနေ

နေပြည်တော်   ဩဂုတ်  ၄


မိုးအဆက်မပြတ်ရွာသွန်းနေမှုများကြောင့် အမြန်လမ်းမကြီးတွင် ရေများရောက်ရှိနေသဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ပေးနေကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့၏ ဩဂုတ် ၃ ရက် ထုတ်ပြန်သတင်းများအရ သိရသည်။

ဩဂုတ် ၃ ရက်က မိုးအဆက်မပြတ်ရွာသွန်းနေမှုများကြောင့် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး ဗောဓိကုန်းအမြန်လမ်းမကြီးရဲစခန်းအပိုင် နေပြည်တော်-ရန်ကုန်လမ်းပိုင်း၊ မိုင်တိုင်အမှတ် ၁၃၆/၅ မှ ၁၃၆/၇ အထိ ၂ ဖာလုံခန့်တွင် ရေရောက်ရှိနေခဲ့သည်။ ထို့ကြောင့် အမြန်လမ်းမကြီး(ပြင်/ထိန်း)အဖွဲ့နှင့် အမြန်လမ်းမ ကြီးရဲတပ်ဖွဲတို့မှ ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် လမ်းတားတုံးများချကာ တစ်လမ်းမောင်းပြုလုပ်ခြင်း၊ သဲအိတ်များဖြင့်ရေတားပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

ထို့အပြင် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်၊ ဓမ္မစကြာနေ့တွင် အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ရှိ တပ်ဖွဲ့ဝင်မိသားစုများမှ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် ခရီးသွားပြည်သူများနှင့်ယာဉ်များ ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ရည်ရွယ်၍ တပ်ဖွဲ့ပိုင်ယာဉ်များဖြင့် မေတ္တသုတ်နှင့်ဓမ္မစကြာတရား တော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ မြင်ရ/မမြင်ရအပ်သော ဝေနေယျသုက္ခိတဒုက္ခိတသတ္တဝါဟူသမျှအပေါင်းတို့ နှင့် မကျွတ်မလွတ်သေးသောသတ္တဝါဟူသမျှအပေါင်းတို့အား အမျှအတန်းများပေးဝေခြင်းများကို အမြန်လမ်း တစ်လျှောက်ရှိ ရဲစခန်းများမှလှည့်လည်ပူဇော်ခြင်း၊ ရုံး/ဓမ္မာရုံများတွင် ရွတ်ဖတ်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ ကြသည်။

ထို့အတူ ဩဂုတ် ၃ ရက်တွင် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းမိုးအဆက်မပြတ်ရွာသွန်းမှု ကြောင့် အုတ်တွင်းမြို့နယ် ရန်ကုန်မန္တလေးလမ်းဟောင်းတွင်လည်း ရေကျော်လျက်ရှိပြီး ယာဉ်အစီးရေ ၁၀ဝ ကျော် ပိတ်ဆို့လျက်ရှိကြောင်း သိရသည်။

အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေးကားလမ်းဟောင်းပေါ်ရှိ ဆွဲလဲချောင်းကျေးရွာနှင့် ဂွေးတောက်ခင်  ကျေးရွာအကြားတွင် တစ်နေရာ၊ အုတ်ဖိုကျေးရွာနှင့်ညောင်ခြေထောက်ကျေးရွာအကြားတွင် တစ်နေရာ စသည့်နှစ်နေရာတွင် ရေကျော်နေပြီးမိုးရေနှင့်တောင်ကျရေများကြောင့် အုတ်တွင်းမြို့နယ် ရန်ကုန်-မန္တလေး  အမြန်လမ်း ဗောဓိကုန်းကျေးရွာအနီးတွင်လည်း ရေကျော်မှုဖြစ်ပွားခဲ့သည်။ တောင်ငူမြို့နယ်အနောက်ဘက် ရန်ကုန်-မန္တလေးအမြန်လမ်းနံဘေးရှိ ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးများကို ဝါဆိုလပြည့်နေ့က သွားရောက်ဖူးမြော်သူများ၏ ကား၊ ဆိုင်ကယ်များမှာလည်း ပန်းပဲချောင်းရေတိုးမှုကြောင့် ပိတ်ဆို့နေပြီး သက်ဆိုင်ရာကူညီကယ်ဆယ်ရေးအဖွဲ့များက ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။             


 ကိုသာစစ်






အခြားဆက်စပ်သတင်းများ