နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခွင့်ပြုချက်ရသည့်အခါ ဘုရားဖူး ၁၀ဝ နှုန်း အလှည့်ကျစနစ်ဖြင့် ဖူးခွင့်ပြုနိုင်ရန် ကမ္ဘာအေးစေတီ၌ ပြင်ဆင်ထား

ရန်ကုန်   ဩဂုတ်  ၄


ပြန်လည်ဖွင့်လှစ်ခွင့်ပြုသည့်အခါ တစ်သုတ်လျှင် ပျမ်းမျှဘုရားဖူး ၁၀ဝ နှုန်း အလှည့်ကျစနစ်ဖြင့် ဖူးမြော်ခွင့်ပြုနိုင်ရန်အတွက် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌ လိုအပ်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်ထားကြောင်း စေတီတော်ဂေါပကအဖွဲ့မှ သိရသည်။

“ဘုရားပိတ်ထားတဲ့ကာလမှာ  ဂေါပကရုံးဖွင့်ပြီး  ဂေါပကအဖွဲ့က ဘုရားမှာလိုအပ်တဲ့ပြုပြင် တည်ဆောက်မှု လုပ်ငန်းတွေ၊ ကျန်းမာရေးလိုအပ်ချက်ပစ္စည်းတွေကို လုပ်ဆောင်နေပါတယ်၊ ဘုရားကြီးသန့်ရှင်းသာယာရေး လုပ်ငန်းတွေ၊ ရောဂါပိုးမွှားကင်းစင်ရေးအတွက် ဆေးဖြန်းတာတွေ အမြဲလုပ်နေတယ်၊ ဖွင့်ခွင့်ရရင် ဘုရားဖူးတွေ လိုက်နာရမယ့်အချက်တွေကို သိအောင်ဗီနိုင်းတွေ ပိုစတာတွေနဲ့ လုပ်ထားတယ်၊ ခြေနင်းခလုတ်တွေနဲ့ လက်ဆေးဘေစင်တွေ၊ ကိုယ်အပူချိန်တိုင်းစက်တွေကို စီစဉ်ထားတယ်”ဟု ဂေါပကအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။ ထိုစေတီတော်တွင် လတ်တလော၌ လက်ဆေးဘေစင် ၁၂ ခုလောက် တပ်ဆင်ထားပြီး ဘုရားဖူးများ လာရောက်သည့်အခါ ကျန်းမာရေးစစ်ဆေးမှုကို ကင်မရာနှင့်ချိန်တိုင်းသော စက်အကြီး နှစ်စုံကိုလည်း အဝင်မုခ်ဝကြီးတွင် တစ်ခု၊ အင်္ဂါထောင့် ကားပါကင်မှ အတက်တွင် တစ်ခုတပ်ဆင်ရန် စီစဉ်ထားကြောင်း၊ လက်ဖြင့်တိုင်းသော အပူချိန်တိုင်းစက်များကိုလည်း ပြင်ဆင်ထားကြောင်း သိရသည်။

“ဘုရားဖူးလာတဲ့သူတွေ နှာခေါင်းစည်းတပ်ဖို့ လှုံ့ဆော်မယ်၊ မပါရင် အဆင်သင့် သက်သာတဲ့နှုန်းထားတဲ့ ဝယ်ယူတပ်ဆင်ခွင့်အတွက် ပြင်ဆင်ထားတယ်၊ ဖွင့်တဲ့အခါ ရောဂါနဲ့ပတ်သက်လို့ ရာနှုန်းပြည့်ကာကွယ် နိုင်အောင် ကိုယ့်ဘုရားကနေ ရောဂါကူးစက်တာမျိုးလည်း မဖြစ်အောင် စီစဉ်ထားတယ်၊ ဇူလိုင်လကုန်ပိုင်းက အစိုးရအဖွဲ့ကလူကြီးတွေအပါအဝင် စစ်ဆေးရေးအဖွဲ့တွေက လိုက်စစ်ပြီး လိုအပ်တာတွေညွှန်ကြားပါ တယ်၊ နိုင်ငံတော်ကဖွင့်ခွင့်ရရင် ပြည့်စုံအောင်ညီညွတ်မှုရှိအောင် အန္တရာယ်ကင်းအောင် လိုက်လံစစ်ဆေး ဆောင်ရွက်ပေးတာ ဖြစ်ပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ အမြဲချိတ်ဆက်ပြီးတော့ ဆောင်ရွက် နေပါတယ်၊ ဘုရားထဲမှာ ဖူးရမယ့်နေရာ ငါးနေရာရှိတယ်၊ ဓာတ်တော်တိုက်တို့၊ ဘုရားငါးဆူရှေ့ ရင်ပြင်တော်တို့မှာ ဖူးဖို့နေရာတွေရှိပါတယ်၊ အဲ့ဒီနေရာတွေမှာ သတ်မှတ်ထားတဲ့အကွာအဝေးနဲ့ အကွက်ချပြီး စီစဉ်ထားတဲ့အခါ အကျယ်အဝန်းအရ တစ်ချိန်တည်းမှာပဲ လူ ၁၀ဝ လောက်ပဲ ချိန်ဆပြီးတော့ လွှတ်ပေးသွားဖို့ စီစဉ်ထားပါတယ်၊ ဖွင့်မယ့်ကာလတော့ မပြောနိုင်သေးပါဘူး၊ ဖွင့်ခွင့်ရင် ဖွင့်နိုင်အောင်လို့ အဆင်သင့်ပြင်ဆင် ထားတာဖြစ်ပါတယ်”ဟု ယင်းက ရှင်းပြသည်။ 

ထိုစေတီတော်တွင် COVID-19 ကပ်ရောဂါကြောင့် မတ်လနောက်ပိုင်းမှစတင်ကာ ဘုရားဖူးခွင့် အချိန်လျှော့ပြီး ဖူးခွင့်ပြုခဲ့ကြောင်း၊ ဧပြီ ၁၀ ရက်မှစတင်ကာ ဘုရားဖူးခွင့်ပိတ်ခဲ့ပြီး ဧပြီ၊ မေ၊ ဇွန်၊ ဇူလိုင်အထိ ပိတ်ခဲ့သလို ယခုသြဂုတ်လတွင်လည်း ပိတ်ထားဆဲဖြစ်ကြောင်း သိရသည်။

မူလက နံနက် ၅ နာရီမှ ည ၉နာရီအထိဖွင့်ခဲ့ပြီး သာမာန်ရက်များတွင် တစ်ရက်ပျမ်းမျှဘုရားဖူး ၄၀ဝ-၅၀ဝ ကြား၊ ရုံးပိတ်ရက်နှင့် အခါကြီးရက်ကြီးများတွင် ဘုရားဖူး ၂၀ဝ၀-၃၀ဝ၀ ကြားလာရောက်လေ့ရှိကြောင်း သိရသည်။ 

(HK)






အခြားဆက်စပ်သတင်းများ