နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အော်ဒါနှင့် ကုန်ပစ္စည်းပို့ဆောင်မှု အသိပေးစာတွင် လက်မှတ်ရေးထိုးပေးရသည့် လုပ်ငန်းစဉ်ကို ရပ်ဆိုင်းမည်

ရန်ကုန်   ဩဂုတ်  ၄


Release Order Notication နှင့် Allowed Shipment Notification များအပေါ်တွင် အကောက်ခွန် အရာရှိများက လက်မှတ်ရေးထိုးပေးနေရသည့်လုပ်ငန်းစဉ်ကို ယခုနှစ် စက်တင်ဘာ ၁ ရက်မှ စတင်ရပ်ဆိုင်း သွားမည်ဖြစ်ကြောင်း အကောက်ခွန် ဦးစီးဌာနမှ သိရသည်။

ကုန်သွယ်မှုနှင့် ဆက်စပ်နေသော သက်ဆိုင်ရာဘဏ်များ အစိုးရဌာနများအနေဖြင့်လည်း အကောက်ခွန် အရာရှိ လက်မှတ်ရေးထိုးထားသည့် Release Order နှင့် Allowed Shipment များကို မူရင်းအထောက် အထားများအဖြစ် မှတ်ယူစိစစ်၍ သက်ဆိုင်ရာဌာနတွင်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေကြကြောင်း သိရသည်။

အကောက်ခွန်ဦးစီးဌာနအနေဖြင့် Manual နည်းလမ်းများမှ Electronic နည်းလမ်းသို့ ကူးပြောင်းဆောင်  ရွက်နေချိန်တွင် Electronic နည်းလမ်းဖြင့် ထုတ်ပေးပြီးဖြစ်သော Release Order/Allowed Shipment များ၏ Print-out/Copy များပေါ်တွင် အကောက်ခွန် အရာရှိများက လက်မှတ်များ၊ တံဆိပ်တုံးများ ပြန်လည်ရိုက်နှိပ် ဆောင်ရွက်ပေးရခြင်းသည် နိုင်ငံတကာကုန်သွယ်မှု စံချိန်စံညွှန်းများနှင့် မကိုက်ညီခြင်းကြောင့် Ease of Doing Business ၏ Trading Across Border ကဏ္ဍတွင် မကြာခဏကန့်ကွက်မှုများ ပေါ်ပေါက်နေကြောင်း သိရသည်။

ထို့ကြောင့် ကုန်သွယ်မှုလွယ်ကူ ချောမွေ့စေရေးကို အထောက်အကူပြုစေရန်နှင့် Ease of Doing Business ၏ သုံးသပ်ချက်ပါ အားနည်း ချက်များကို လျှော့ချနိုင်ရေးအတွက် Release Order Notification နှင့် Allowed Shipment Notification များတွင် အကောက်ခွန်အရာရှိများက လက်မှတ်ရေးထိုးပေးခြင်းကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၁ ရက်မှစတင်၍ ရပ်ဆိုင်းသွားမည်ဖြစ်သောကြောင့် မိမိတို့ သက်ဆိုင်ရာဆိပ်ကမ်းကုန် လှောင်ရုံလုပ်ငန်းစဉ်များ အဟန့်အတားမဖြစ်စေရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားကြရန် အကောက်ခွန်ဦးစီးဌာနမှ အသိပေးကြေညာထားသည်။

အကောက်ခွန်ဦးစီးဌာနသည် Myanmar Automated Cargo Clearance System – MACCS (မြန်မာ့ကုန်ပစ္စည်း အလိုအလျောက်ရှင်းလင်းရေးစနစ်)ကို ရန်ကုန်ဧရိယာအတွင်း ၂၀၁၆ ခုနှစ်တွင် စတင်အသုံးပြုခဲ့ရာ Manual စနှစ်မှ Automation စနစ်သို့ အသွင်ကူးပြောင်းစအချိန်ကာလတွင် ကုန်ပစ္စည်းတင်သွင်း၊ တင်ပို့ခြင်းဆိုင်ရာလုပ်ငန်းစဉ်များ အခက်အခဲမရှိစေရန်အတွက် MACCS စနစ်က ထုတ်ပေးခဲ့သော Electronic Release Order နှင့် Allowed Shipment များ၏ Print-out/Copy ပေါ်တွင် မူရင်းအထောက်အထားဖြစ်ကြောင်း အကောက်ခွန်အရာရှိများက လက်မှတ်ရေးထိုးခြင်းကို ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။


မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ