နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အထက်တန်းကျောင်းများတွင် COVID-19 ကူးစက်မှုမရှိမှ အလယ်တန်းကျောင်းများဖွင့်မည်

ရန်ကုန်   ဩဂုတ်  ၄


အခြေခံပညာအထက်တန်းကျောင်းများကို တစ်လစောင့်ကြည့်မည်ဖြစ်ပြီး COVID-19 ရောဂါ ကူးစက်မှုမရှိမှသာ အလယ်တန်းကျောင်းများကို ပြန်လည်ဖွင့်လှစ်သွားရန် စီစဉ်ထားသည်ဟု ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။

ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အခြေခံပညာအလယ်တန်းကျောင်းများကို Check List အချက် ၈၀ နှင့် ကိုက်ညီမှု ရှိ၊ မရှိကို ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက စစ်ဆေးသွားမည်ဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အခြေခံပညာဦးစီးဌာန၏ စာရင်းအရ အထက်တန်းအဆင့် ကျောင်းပေါင်း ၇၁၇၃ ကျောင်းရှိသည့်အနက် COVID-19 ကာကွယ်ရေးပြင်ဆင်မှုအဆင့်(A)ရသော ကျောင်းပေါင်း ၃၉၉၉ ကျောင်းကို ဇူလိုင် ၂၁ ရက်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ကျော်စိုးသူ(City News)






အခြားဆက်စပ်သတင်းများ