နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် ဩဂုတ် ၄ ရက်မှစတင်ကာ ယာဉ်သက်တမ်းတိုးဆောင်ရွက်နိုင်

ရန်ကုန်  ဩဂုတ်  ၄  


ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးတွင် ယာဉ်သက်တမ်းတိုးဆောင်ရွက်ခြင်းကို ဩဂုတ် ၄ ရက်မှစတင်ကာ ယခင် အတိုင်းပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှသိရသည်။

''ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှာ သက်တမ်းတိုးဆောင်ရွက်ခြင်း လုပ်ငန်းစဉ်အားလုံးကို  ဩဂုတ် ၄ ရက်မှာ   ပြန်လည်ဆောင်ရွက်ပေးနေပြီဖြစ်ပါတယ်၊ ဒါကြောင့် ယာဉ်စစ်ဆေးဖို့ ရွာသာကြီးရုံးခွဲကို တစ်ဆင့်သွားစရာမလို တော့ဘဲ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှာ ပြန်လည်ဆောင်ရွက်ပေးတော့မှာဖြစ်ပါတယ်"ဟု  ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇွန်လအတွင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနခရိုင်ရုံး(ရန်ကုန်အရှေ့ပိုင်း)ရုံးဝင်းအတွင်း မြေဖို့၊ မြေညှိခြင်း၊ အပေါ်လွှာဂဝံမြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့်အတွက် မိုးရွာသွန်းချိန်တွင် မော်တော်ယာဉ်များဝင်ရောက်သည့်အခါ ဗွက်နစ်ခြင်း၊ ဘီးချော်ခြင်းများဖြစ်ပေါ်သောကြောင့် ဇွန် ၈ ရက်မှ စပြီး သက်တမ်းတိုးယာဉ်စစ်ဆေးခြင်းလုပ်ငန်းစဉ်ကို ရွာသာကြီးရုံး၌ ဦးစွာယာဉ်စစ်ဆေးပြီးမှသာ ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံး၌ သက်တမ်းတိုးမှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်စေခဲ့ခြင်းဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာဉ်သက်တမ်းတိုးခြင်းလုပ်ငန်းများကို Online Booking ယူ၍ ဆောင်ရွက်ပေးနေပြီး ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံး၌ တစ်ရက်လျှင် အစီးရေ ၄၆၀ ဆောင်ရွက်ပေးနေကြောင်း သိရသည်။                                                                                    

  ခရီးသွားလုလင်






အခြားဆက်စပ်သတင်းများ