နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Quarantine Center အဖြစ်ထပ်မံထားရှိ ဆောင်ရွက်မည့် နေရာများအား ရန်ကုန်မြို့တော်ဝန် ဦးဆောင်၍ သွားရောက်ကြည့်ရူ့

ရန်ကုန် ဧပြီ ၁၆ ရန်ကုန်တိုင်းဒေသကြီးအဆင့် Covid-19 ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုး ဦးဆောင် ၍လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း နှင့် လူဝင်မှုကြည့်ကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဝန်ဒေါ်မိုးမိုးစုကြည် တို့ နှင့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ကမာရွတ်မြို့နယ် တက္ကသိုလ်များနယ်မြေရှိ ရန်ကုန်ပညာရေးတက္ကသိုလ် သံဗျင်ဆောင်နှင့် အမရာဆောင်၊ လှိုင်မြို့နယ်ရှိ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မှ အဓိပတိဆောင် နှင့် ၄ ထပ်ဆောင်သစ် တို့အား Quarantine Center အဖြစ်ထပ်မံထားရှိရန် ယနေ့ နေ့လည်ပိုင်းကသွားရောက်၍ သွားရောက်ကြည့်ရူ့ စစ်ဆေးခဲ့ကြ ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ ရန်ကုန်မြို့တော်ဝန် နှင့်အဖွဲ့သည် ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) တို့သို့ သွားရောက်ကာ Covid-19 ထိန်းချုပ်ကာကွယ်ရေးနှင့် ကူးစက်ပြန့်နှံ့မှုလျော့နည်းစေရေး အသွားအလာ ကန့်သတ် စောင့်ကြပ်ကြည့်ရှု့ခြင်း Quarantine ထားရှိဆောင်ရွက်နိုင်ရေး ကျောင်းဆောင်များ ဖြစ်သော ၂ ထပ်ဆောင် (၄) ဆောင်၊ ၃၁ ခန်း ဝင်ဆံ့နိုင်သော အဆောင်များနှင့် ငုဝါဆောင် hall type တို့အားသွားရောက်ကြည့်ရူ့ ၍ လိုအပ်သည်များမှာကြားကာ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) မှ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ နီလာမြင့်ထူးမှ အဆောင်များအားလိုက်လံပြသကာ လိုအပ်သည်များရှင်းလင်တက်ပြ၍ မြို့တော်ဝန် နှင့်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့သည်။ သတင်း . မိုးမြင့်မောင် ဓာတ်ပုံ . ကျော်သူထက်






အခြားဆက်စပ်သတင်းများ