နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း လိုင်စင်ကြေးနှင့် လိုင်စင်အသစ် လဲလှယ်ကြေးများကို တစ်နှစ်ကင်းလွတ် ခွင့်ပြု

ရန်ကုန် ဧပြီ ၁၆ Covid-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုရှိနေသဖြင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ လိုင်စင်ကြေး၊ လိုင်စင်အသစ်လဲလှယ်ကြေးများကို တစ်နှစ်ကင်းလွတ်ခွင့်ပြု ကြောင်းသိရသည်။ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းဥပဒေ (၂၀၁၈) နှင့်အညီ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဒေသဆိုင်ရာခရီးသွားလုပ်ငန်ကော်မတီများ ဖွဲ့စည်း၍ ထိုကော်မတီများက သက်ဆိုင်ရာဒေသအလိုက် ဟိုတယ်လုပ်ငန်း၊တည်းခိုရိပ်သာလုပ်ငန်း၊ ခရီးလှည့်လည် ရေးလုပ်ငန်း၊ ဧည့်လမ်းညွှန်လုပ်ငန်းများအတွက် လိုင်စင်ကြေး၊ လိုင်စင်အသစ်လဲလှယ်ကြေးများကို ကောက်ခံ လျက်ရှိကြောင်းသိရသည်။ ယင်းသို့ကောက်ခံနေသော်လည်း Covid-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းအပေါ် ထိခိုက်မှုရှိနေသဖြင့် ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်များအား ခရီးသွားလုပ်ငန်းများမှ လိုင်စင်ကြေး၊ လိုင်စင်အသစ် လဲလှယ်ကြေးများ ပေးဆောင်ခြင်းကို ၁-၄-၂၀၂၀ ရက် မှ ၃၁-၃-၂၀၂၁ ရက် ကာလအထိ တစ်နှစ်တာကာလအတွက် ကင်းလွတ်ခွင့်ပြုလိုက်သည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ခဲ့သည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ