နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျောက်တံတား မြို့နယ်တွင် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန် ဧပြီ ၁၆ ကျောက်တံတားမြို့နယ် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ အသိပညာပေးနှိုးဆော်ခြင်း၊Maskများ ဝေငှခြင်း၊ လက်ကမ်းစာစောင်၊ ပိုစတာများဖြန့်ဝေခြင်း စသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၅ ရက်နှင့် ဧပြီ ၁၆ ရက် နံနက်ပိုင်းများတွင် မြို့နယ်COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးကော်မတီဝင် များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးကျော်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊လူမှုရေးအသင်းအဖွဲ့များသည် ကျောက်တံတား မြို့နယ်အမှတ်(၆)ရပ်ကွက်၊ ၃၈ လမ်းစျေးရှိ စျေးရောင်းသူ၊စျေးဝယ်သူ ပြည်သူများ၊ လမ်းသွားလမ်းလာ ပြည်သူများအား Mask တပ်ဆင်အသုံးပြုရေး၊ လက်အိတ်များဝတ်ဆင်ကာ စျေးရောင်းချရေးတို့ကို အသိပညာပေးခဲ့ပြီး Mask မတပ်သူများအား Mask များတပ်ဆင်ဝေငှပေးခြင်း၊စျေးရောင်းသူများအားလက်အိတ်များဝေငှပေးခဲ့စဉ်။ ရွှေနန်းမေ(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ