နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နနွင်းပင်များ စိုက်ပျိုး၍ မိသားစုဝင်ငွေတိုးပွားရရှိ

မိုင်းယောင်း သြဂုတ် ၃


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်အတွင်းရှိ နမ့်ယောင်းချောင်းကမ်းပါး ဝန်းကျင် ကျေးရွာအများစုသည် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်နေလျက်ရှိရာ ဥယျာဉ်ခြံလုပ်ငန်း၊ ပန်းမျိုးစုံစိုက်ပျိုးခြင်းနှင့် ရာသီပေါ်သီးနှံများ စိုက်ပျိုးလုပ်ကိုင်လျက်ရှိသည်။

အာဟာရဓာတ်လည်းရရှိကာ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဆေးဖက်ဝင်သည့်  နနွင်းပင်များကို စိုက်ခင်း၊ နေအိမ်ခြံများတွင် တစ်ပိုင်တနိုင် စိုက်ပျိုးကြပြီး အပွင့်ဖူးပွင့်ချိန်တွင် ငါးပွင့်ပါ တစ်စည်းလျှင် ကျပ် ၁၀၀၀ ရောင်းရသဖြင့် မိသားစုဝင်ငွေကို အထောက်အပံ့ရလျက်ရှိကြောင်း၊ နနွင်းပွင့်ကို ရေနွေးပူပူနှင့်လောင်းချပြီး နူးလာလျှင် ကြက်သွန်နီ/ဖြူ၊ ချင်း၊ ငရုတ်သီးများ ထောင်းထည့်ပြီး ကြော်/ကင်စားနိုင်သည့်အပြင် မိမိကြိုက်နှစ်သက်ရာ အရသာရှိစွာ အမျိုးမျိုးပြုလုပ်စားသုံးနိုင်ကြောင်း သိရသည်။

ဒေသခံတောင်သူလယ်သမားအများစုသည် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ မိုးစပါး၊ နွေစပါးတို့ကို အဓိကထားစိုက်ပျိုးကြပြီး ဥယျာဉ်ခြံသီးနှံအဖြစ် သရက်၊ ကျွဲကောတို့ကို စိုက်ပျိုးကြရာ ယခုအခါ မိသားစု ဝင်ငွေတိုးစေသည့် နနွင်းပင်စိုက်ပျိုးခြင်းလည်း လုပ်ကိုင်လာလျက်ရှိသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ