နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဖယ်ခုံမြို့နယ်နှင့် မင်းတုန်းမြို့နယ်တို့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ်များအမိုးလန်

ဖယ်ခုံ ဧပြီ ၁၆ ဧပြီ ၁၅ ရက်၊ ညနေ ၆ နာရီခွဲအချိန် လေပြင်းတိုက်ခတ်မှုကြောင့် ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာပါ ၄ ရွာ၌ ဘုန်းကြီးကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ နေအိမ် ၃၄ လုံး အမိုးလန် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။ အလားတူ ဧပြီ ၁၅ ရက်၊ နံနက် ၅ နာရီခွဲအချိန် လေပြင်းတိုက်ခတ်မှုကြောင့် မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ ဥယျာဉ်ပုကျေးရွာပါ ၆ ရွာ၌ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ နေအိမ် ၉ လုံး အမိုးလန်ပျက်စီး ဆုံးရှုံးခဲ့ပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ကြောင်း သိရသည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ