နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အောင်မင်္ဂလာအဝေးပြေးကားဂိတ်သို့ မြဝတီနယ်စပ်ဂိတ်မှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ သည် မိမိနေရပ်သို့ အဆင်ပြေချော့မွေ့ လုံခြုံစွာ ရောက်ရှိနိုင် ရေးအတွက် ကြပ်မတ် ဆောင်ရွက်နေမှုများအား ရန်ကုန်မြို့တော်ဝန် သွားရောက်ကြည့်ရူ့

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး မြို့တော်ဝန် ဦးမောင်မောင်စိုး နှင့်လူဝင်မှုကြီး ကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့ ဦးဆောင်သော တာဝန်ရှိသူများ အဖွဲ့သည် ယနေ့ ည ၇ နာရီက အောင်မင်္ဂလာအဝေးပြေးကားဂိတ် သို့သွားရောက်၍ မြဝတီနယ်စပ်မှ ဝင်လာသော ခရီးသည်တင် ကားများ၊ မြဝတီနယ်စပ်ဂိတ်မှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ သည် မိမိနေရပ်သို့ အဆင်ပြေချောမွေ့ လုံခြုံစွာ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးမှုများ ကြတ်မတ်ဆောင်ရွက်နေမှု ပြုလုပ်နေသည်များ အားသွားရောက် ကြည့်ရူ့စစ်ဆေးခဲ့ကြသည်။ မြဝတီနယ်စပ်ဂိတ်မှ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများ သည် အောင်မင်္ဂလာအဝေးပြေးကားဂိတ် သို့ ရောက်ရှိလာပြီး ရန်ကုန်မြို့နှင့် ရန်ကုန်မြို့မှတဆင့် နေရပ်ပြန်မည့် မိမိနိုင်ငံသားများအား ကျန်းမာရေး စစ်ဆေးမှုများ၊ စနစ်တကျစာရင်းကောက်ယူ၍ မှတ်တမ်းထားရှိမှုများ အား လွှတ်တော်ကိုယ်စားလှယ်များ၊ကျန်းမာရေး၊လုံခြုံရေးတာဝန်ရှိသူများ ပေါင်းစပ်ဖွဲ့စည်း၍ နေရပ်သို့ပြန်လည်ထွက်နိုင်ရန်အတွက် ပူးပေါင်းဆောင်မှုများ ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ မိုးမြင့်မောင်






အခြားဆက်စပ်သတင်းများ