နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူနိုက်တက်နဲ့ စမောလင်း ပြန်လည်ပေါင်းစည်း

ဩဂုတ်  ၃

ယူနိုက်တက်ကနေ ရိုးမားအသင်းမှာ အငှားနဲ့သွားရောက်ကစားနေတဲ့ ယူနိုက်တက်အသင်းသား စမောလင်း ဟာ ရိုးမားအသင်းနဲ့အတူ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။
    အသက် ၃၀ နှစ်ရှိပြီဖြစ်တဲ့ စမောလင်းက ရိုးမားအသင်းကို ရာသီကုန်မှာ ယူရိုပါလိဂ်ဝင်ခွင့်ရအောင် အားဖြည့် ကူညီစွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။

ကိုရိုနာဂယက်ကြောင့် စီးရီးအေပြီးဆုံးချိန်ထိ သက်တမ်းတိုးနိုင်ခဲ့ပေမယ့် ယူရိုပါလိဂ်အပြီးထိတော့ ကစားခွင့်မရရှိခဲ့ပါဘူး။ ရိုးမားအသင်းဟာ စမောလင်းကို အပြီးတိုင်ခေါ်ယူချင်ပေမယ့် ယူနိုက်တက်ရဲ့ ပြောင်းရွှေ့ကြေးသတ်မှတ်တောင်းဆိုမှုတွေ ညှိနှိုင်းမရတဲ့အတွက်  စမောလင်းကို ယူနိုက်တက်ထံပြန်လည်စေလွှတ်ခဲ့ရတာပါ။ စမောလင်းကို တစ်ရာသီငှားရမ်းခအဖြစ်ရိုးမားက ယူနိုက်တက်ကို ပေါင် ၂ ဒသမ ၇ သန်းပေးချေခဲ့ရပါတယ်။ 

ယူနိုက်တက်မန်နေဂျာကြီး ဆိုးရှားက လက်ရှိအသင်းရဲ့ဘတ်ဂျက်က ပေါင်သန်း ၁၄၀ သာရှိပြီး တိုက်စစ်မှူးအားဖြည့်မှုနဲ့တင် ပေါင် ၁၄၀ သန်းနီးပါးကုန်ကျမှာဖြစ်တာကြောင့် နောက်တန်း အားဖြည့်ဖို့ ရန်ပုံငွေမလုံလောက်တဲ့အတွက် စမောလင်းကို ပြန်လည်ခေါ်ယူလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။ စမောလင်းဟာ ရိုးမားမှာ ပုံစံကောင်းတွေပြခဲ့တာကြောင့် အသင်းမှာလည်းပြန်လည်အခွင့်အရေးပေးဖို့ ဆုံးဖြတ် ခဲ့ပုံရပါတယ်။ စမောလင်း ယူနိုက်တက်ကိုပြန်ရောက်လာပေမယ့် လက်ကျန်ယူရိုပါလိဂ်ပွဲတွေကိုတော့ ပါဝင် ကစားခွင့်မရှိပါဘူး၊ ဘာကြောင့်လဲဆိုတော့ ယူရိုပါလိဂ်ကစားသမားစာရင်းထဲမှာ ယူနိုက်တက်က ထည့်သွင်း မထားလို့ပါ။ ရိုးမားအသင်းကလည်း စမောလင်းနေရာမှာ အမြန်ဆုံးအစားထိုးဖို့ စပါးခံစစ်မှူး မာတွန်ဂန်ကို အလွတ်နဲ့ခေါ်ယူဖို့ ဆက်သွယ်မှုတွေပြုလုပ်နေပြီလို့ သိရှိရပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ