နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှည်းကူးမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုကို ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့်အဖွဲ့မှ လှည့်လည်ကြည့်ရှု

ရန်ကုန်   ဩဂုတ်    ၁   


 ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းလုပ်ငန်းများဆောင်ရွက်နေမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့်အဖွဲ့မှ ဇူလိုင် ၃၁ ရက် နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။ 

ဆက်လက်၍ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့်အဖွဲ့တို့က ကိုဗစ်-၁၉ ကူးစက်ကပ်ရောဂါကြောင့် အလုပ်အကိုင်အခွင့်အလမ်းရှားပါးနေသော လှည်းကူးမြို့နယ်အတွင်းရှိ ပြည်သူများကို အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေသော(Cash For Work)စီမံကိန်း ကျေးရွာ ၈ ရွာမှ  ၁ ရွာလျှင် ငွေကျပ်သိန်း ၁၀၀ ကျပ်ကို  လုပ်အားခ ၆၀ ရာခိုင်နှုန်းနှင့် ပစ္စည်းနှုန်းခ ၄၀ ရာခိုင်နှုန်း သတ်မှတ်ထားကြောင်း၊ ဇူလိုင် ၂၇ ရက်မှ  စတင်ဆောင်ရွက်လျက်ရှိသော ဝါးရုံစွန်းကျေးရွာကို  ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း ရင်းနှီးမြှုပ်နှံမှုအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (Village Deveploment Plan)မှ ကျေးရွာ ၁၃ ရွာတို့အတွက် ကျေးရွာ ၁ ရွာကို နိုင်ငံတော်မှငွေကျပ်သိန်း ၁၀၀ ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်သူထည့်ဝင်ငွေ  ၉၈ သိန်းဖြင့် ထည့်သွင်းဆောင်ရွက်ပြီးစီးခဲ့သည့် လှည်းကူးမြို့နယ် သနပ်ပင်ကျေးရွာရှိ အကျယ် ၈ ပေ၊ ထုထည် ၆ လက်မ၊ အရှည်  ၆၅၀ ပေအပြင် ပြည်သူထည့်ဝင်ငွေဖြင့် ဆောင်ရွက်ခဲ့သည့် အကျယ် ၈ ပေ၊ ထုထည် ၆ လက်မ၊ အရှည်  ၆၄၅ ပေ စုစုပေါင်း လမ်းအရှည် ၁၂၉၅ ပေရှိ  ကွန်ကရစ်လမ်း ခင်းကျင်းပြီးစီးခဲ့သည့် နှင်းဆီလမ်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့စဉ်။

နိုင်လင်း၊ သိန်းဦး






အခြားဆက်စပ်သတင်းများ