နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လျှပ်စစ်ဓါတ်အားလိုင်းနှင့်မလွတ်ကင်းသည့်အပင်ကိုင်းများပူးပေါင်းရှင်းလင်း

ရန်ကုန် ဩဂုတ် ၁

မြို့ပြစီမံကိန်းလုပ်ငန်းတာဝန်ခံအဖွဲ့ (မြေယာရှုခင်းနှင့်အားကစားကွင်းများ)မှ ဇူလိုင်လ ၃၀ ရက်က ဗိုလ်တထောင်မြို့နယ် အောက်ပုဇွန်တောင်လမ်း၊ ရန်ကင်းမြို့နယ် မိုးကောင်းလမ်းသွယ်နှင့်ကမ္ဘာအေးဘုရားလမ်း၊ ပြည်လမ်းနှင့်ဦးဝိစာရလမ်း၊ အလုံမြို့နယ် ကမ်းနားလမ်း၊ ရွှေပြည်သာမြို့နယ် ၁၅ ရပ်ကွက် ရတနာသီရိလမ်း၊ သာကေတမြို့နယ် ၈ ရပ်ကွက် နဝရတ်လမ်း တို့တွင် ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေးကော်ပိုရေးရှင်းနှင့်ပူးပေါင်း၍ ဓါတ်အားလိုင်းမလွတ် အပင်နှင့်ကိုင်းများရှင်းလင်းခြင်းဆောင်ရွက်ခဲ့သည်။

ထို့အပြင် သာကေတမြို့နယ် (၇)စျေး စည်ပင်အိမ်ရာဝင်းနှင့် တောင်ဥက္ကလာပမြို့နယ် သုမင်္ဂလာလမ်းတို့တွင် ဓါတ်အားလိုင်းဆွဲရန်မလွတ်ကင်းသောအပင်များအားရှင်းလင်းခဲ့ကြောင်းသိရသည်။

သွင်မောင်မောင်






အခြားဆက်စပ်သတင်းများ