နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဆဲရေးစော်ကားမှုများခံစားခဲ့ရကြောင်း စင်ကာပူစကိတ်မယ် ထုတ်ပြန်

ဩဂုတ်  ၁


စကိတ်မယ် ဂျက်ဆီကာရှုယန်ယူက အားကစားသမားဘဝတွင်ဆဲရေးတိုင်းထွာမှုများကို အကြိမ်ကြိမ် ခံစားခဲ့ရတယ်လို့ ထုတ်ဖော်ပြောကြားချက်နဲ့ပတ်သက်ပြီး စင်ကာပူအားကစားဝန်ကြီးဌာနနဲ့ စင်ကာပူ ရေခဲပြင်စကိတ်စီးအဖွဲ့ချုပ်တို့က ရှင်းလင်းပြောကြားမှုများပြုလုပ်ခဲ့ရပါတယ်။

ဂျက်ဆီကာဟာ တရုတ်နိုင်ငံတွင်မွေးဖွားလာခဲ့သူဖြစ်ပေမယ့်  စင်ကာပူနိုင်ငံကို ကိုယ်စားပြုကာ ရေခဲပြင် စကိတ်စီးပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ချိန်မှာ အသက် ၁၉ နှစ်ရှိနေပါပြီ။ ဂျက်ဆီကာက သူ ၁၁ နှစ်အရွယ် ကစပြီး နည်းပြများရဲ့ ဆဲရေးပြောဆိုမှုများခံစားခဲ့ရကြောင်း၊ ရံဖန်ရံခါတွင် စကိတ်စီးဘုတ်ပြားဖြင့်ရိုက်ခံရ သည့်အတွက် ခြေသလုံးသွေးထွက်သည်အထိ ဒဏ်ရာရခဲ့ကြောင်း၊ ဆိုးရွားသောလေ့ကျင့်မှုတစ်ကြိမ် အပြီးတွင် ကားနဲ့တရွတ်တိုက်ဆွဲကာ ရိုက်နှက်ခံခဲ့ရကြောင်းများကို ဂျက်ဆီကာကဖွင့်ချခဲ့ပါတယ်။ ဗြိတိန် အားကစားမယ်များက အစပြုကာဆဲရေးတိုင်းထွာစော်ကားခြင်းခံရမှုများကို ဖွင့်ဟပြောဆိုလာခဲ့ကြပါတယ်။ ဂျပန်၊ အမေရိကန်နဲ့ဩစတြေးလျအားကစားမယ်များကလည်း ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာခံစားရမှုများကို ဖွင့်ချ လာပါတယ်။ အဆိုပါ စွပ်စွဲချက်များနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးအဖွဲ့များက စောင့်ကြည့်မှုများပြုလုပ် လာချိန်မှာ စင်ကာပူအားကစားဝန်ကြီးနှင့် ရေခဲပြင်စကိတ်စီးအဖွဲ့ချုပ်တို့က ဟုတ်မှန်မှုမရှိကြောင်း ရှင်းလင်းခဲ့ ခြင်းဖြစ်ပါတယ်။ “အားကစားသမားတွေကို ကူညီစောင့်ရှောက်ပေးဖို့က အဓိကဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဂျက်ဆီကာကို အတတ်နိုင်ဆုံးကူညီထောက်ပံ့ပေးခဲ့တာပါ” လို့ စင်ကာပူအားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကရှင်းလင်းခဲ့ပါတယ်။ ဂျက်ဆီကာဟာ လက်ရှိအချိန်မှာ အားကစားလောကမှ အနားယူခဲ့ပြီး ဖြစ်ပါတယ်။                                                                                                                             

(SO)






အခြားဆက်စပ်သတင်းများ