ဩဂုတ် ၁
ကမ္ဘာ့ဆိုင်ကယ်စီးချန်ပီယံ မာ့ခ်မားကွက်ဇ်ဟာ လက်မောင်းရိုးကျိုးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူရတာ ကြောင့် အန်ဒါလူစီယာမော်တော်ဂျီပီပြိုင်ပွဲနဲ့ လွဲချော်မယ်လို့သိရပါတယ်။ အသက် ၂၇ နှစ်အရွယ်ရှိ စပိန်လူမျိုးဆိုင်ကယ်စီးချန်ပီယံ မာ့ခ်မားကွက်ဇ်ဟာ ရာသီအစက ပိန်ဂရင်းပရီပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရင်း လက်မောင်းရိုးကျိုးဒဏ်ရာရရှိသွားတာပဲဖြစ်ပါတယ်။
မားကွက်ဇ်ဟာအဲဒီလက်မောင်းရိုးကျိုးဒဏ်ရာနဲ့ပဲ အန်ဒါလူစီယာ မော်တော်ဂျီပီပြိုင်ပွဲအတွက် အရည်အချင်းစစ်ပြိုင်ပွဲပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် ပြီးဆုံးသည်အထိယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒါကြောင့် မားကွက်ဇ်ရဲ့ ဒဏ်ရာကို ခွဲစိတ်ကုသမှုပြုလုပ်ပြီးရင်တောင် ဒီပြိုင်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်နိုင်မှာမဟုတ်တော့ပါဘူး။ “ကျွန်တော်တို့ဘယ်လိုအရဲစွန့်မှုမျိုးကိုမှ ပြုလုပ်မှာမဟုတ်ပါဘူး၊ မားကွက်ဇ်လည်း ဝင်ပြိုင်နိုင်မှာ မဟုတ်ပါဘူး။ သူဟာ ပထမအဆင့်အရည်အချင်းစစ်ပွဲမှာတင် ဒဏ်ရာကပိုဆိုးလာတာပါ။ ဒီပြိုင်ပွဲကို ပြိုင်ပွဲဝင်တွေအများကြီးလာပြိုင်ကြမှာပါ။ ကျွန်တော်တို့က မှန်ကန်တဲ့ဆုံးဖြတ်ချက်ချရတာပါ” လို့ ဟွန်ဒါ အသင်းအကြီးအကဲ အယ်ဘာကိုပူအစ်ကပြောပါတယ်။ ပြီးခဲ့တဲ့ စပိန်ဂရင်းပရီပြိုင်ပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ ကွာတာတာရိုဟာ ယခုပြိုင်ပွဲမှာလဲ ရေပန်းအစားဆုံးဖြစ်နေပါတယ်။
(SO)