နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပရီးမီးယားလိဂ် တန်းတက်ဗိုလ်လုပွဲ ခန့်မှန်းချက်

ဩဂုတ်  ၃

အမှန်တကယ်ဆိုရင် ဘရန့်ဖို့ဒ်ဟာ တိုက်ရိုက်တန်းတက်ခွင့်ကြုံရမယ့်အသင်းဖြစ်ပါတယ်။ ဒါပေမယ့် ရာသီသိမ်း လိဂ်နှစ်ပွဲဆက် ရှုံးပွဲကြုံခဲ့လို့ ပလေးအော့ဖ်ကစားခဲ့ရတာပါ။ ပလေးအော့ဖ်မှာ ဆွမ်ဆီးကို ပ-ကျော့ ရှုံးခဲ့ပေမယ့် ဒု-ကျော့အိမ်ကွင်းမှာ ဂိုးအပြတ်နဲ့နိုင်ပြီး ဗိုလ်လုပွဲတက်ခဲ့တာပါ။ ဘရန့်ဖို့ဒ်ရဲ့အဓိကအားထားရတဲ့သူတွေကတော့ ဒီရာသီမှာနာမည်ကြီးနေတဲ့ BMW တိုက်စစ်အတွဲပဲဖြစ်ပါတယ်။ ဘင်ရာမာ၊  အမ်ဘူမို၊ ဝက်ကင်တို့သုံးဦးဟာ ဒီရာသီလိဂ် ၅၇ ဂိုးသွင်းထားပြီး ဖူဟမ်တစ်သင်းလုံးသွင်းဂိုးနဲ့ ၁၀ ဂိုးပဲလျော့ပါတယ်။

စကော့ပါကားကိုင်တွယ်နေတဲ ဖူဟမ်အသင်းကတော့ ရာသီသိမ်းတစ်လျှောက်လုံးလန်းခဲ့ပြီး အဆင့် လေးနဲ့ ပလေးအော့ဖ်ကစားခွင့်ရခဲ့တာပါ။ ပလေးအော့ဖ် ပ-ကျော့မှာကာဒစ်ဖ်ကွင်းမှာနိုင်ခဲ့ပြီး၊ ဒု-ကျော့ အိမ်ကွင်းမှာ ရှုံးပေမယ့် ဗိုလ်လုပွဲကိုတက်နိုင်ခဲ့ပါတယ်။ ဒု-ကျော့တုန်းက ခြေအသာနဲ့ကစားပြီးရှုံးခဲ့တာကတော့ ဖူဟမ်ရဲ့အားနည်းချက်ပါပဲ။ ဒီရာသီလိဂ်တွေ့ဆုံမှုမှာ နှစ်ကျော့စလုံး ဘရန့်ဖို့ဒ်ကိုရှုံးနိမ့်ထားပါတယ်။  အပြန်အလှန်တွေ့ဆုံမှုနောက်ဆုံး ၁၀ ပွဲမှာ ဘရန့်ဖို့ဒ်က ခြောက်ပွဲနိုင်၊ သုံးပွဲသရေ၊  ဖူဟမ်တစ်ပွဲသာနိုင်ပါတယ်။ ဘရန့်ဖို့ဒ်ဟာ ယခုနှစ် ချန်ပီယံရှစ်တွင် ဂိုးသွင်းအများဆုံးအသင်းဖြစ်ကာ ဒုတိယပေးဂိုးအနည်းဆုံးအသင်းဖြစ်ပါတယ်။ ဒီ နှစ်သင်းထဲက ဘယ်အသင်းပရီးမီးယားလိဂ်ကို တန်းတက်မလဲဆိုတာကိုတော့ ဩဂုတ် ၄ ရက်၊ ည ၁ နာရီ ၅ မိနစ်(ဗုဒ္ဓဟူးနံနက်)မှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။                                            

(SO)






အခြားဆက်စပ်သတင်းများ