နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ယူအက်စ်ပီဂျီအေ ချန်ပီယံရှစ်ပြိုင်ပွဲမှာ လီဝက်စ်ဝုဒ်မယှဉ်ပြိုင်တော့

ဩဂုတ်  ၃

COVID-19 အန္တရာယ်ကိုစိုးရိမ်တဲ့အတွက် လာမယ့်လမှာကျင်းပမယ့် ယူအက်စ်ပီဂျီအေချန်ပီယံရှစ် ဂေါက်သီးရိုက်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း အင်္ဂလန်ဂေါက်သီးရိုက်ကစားသမား လီဝက်စ်ဝုဒ် က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ယူအက်စ်ပီဂျီအေချန်ပီယံရှစ်သို့ လာရောက်မယ့်ကစားသမားများနှင့် ကယ်ဒီများအတွက် ထိန်းချုပ် ကန့်သတ်မှုများ ဖြေလျော့ပေးခဲ့ပြီး ၁၄ ရက်ကြာကွာရန်တင်း ဝင်စရာမလိုတော့ပါ။

 လီဝက်စ်ဝုဒ်အနေနဲ့ ဟိုတယ်မှာ ကွာရန်တင်းဝင်ရန်မလိုဘဲ တိုက်ရိုက်ပြိုင်ပွဲဝင်ခွင့်ရရှိမည်ဖြစ်ပေမယ့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုရန် ယင်းကိုယ်တိုင် ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။ “ကျွန်တော့်အနေနဲ့ စိတ်ထဲမှာသက်သောင့်သက်သာခံစားနေရတာမျိုးမရှိပါဘူး၊ ၁၂ နာရီကြာစီးရမယ့် လေယာဉ်ပေါ်ကိုခုန်တက်ချင်တဲ့စိတ်မရှိပါဘူး။ COVID-19  ရောဂါတိုက်ဖျက်တဲ့နေရာမှာ အမေရိကန်က အခြားကမ္ဘာ့နိုင်ငံတွေလို အသည်းအသန်လုပ်ဆောင်တာမျိုး မရှိပါဘူး၊ ဒီအတွက်ကျွန်တော်စိုးရိမ်မိပါတယ်။ အမေရိကန်မှာ ရောဂါပိုးကူးစက်တာတွေ များနေပါတယ်။ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်ပေမယ့် ရောဂါကိုတော့မထိန်းချုပ်နိုင်ပါဘူး၊ ကျွန်တော့် မှာရင်ကျပ်ရောဂါရှိတယ်၊ မဖျားချင်ပါဘူး”လို့ လီဝက်စ်ဝုဒ်က ဖွင့်ဟခဲ့ပါတယ်။  

(SO)






အခြားဆက်စပ်သတင်းများ