နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ လာမည့်နှစ်တွင် ပြန်လည်ကျင်းပမည်

ဩဂုတ်  ၃

AFF သည် ယခုနှစ်အတွင်းကျင်းပမယ့် ပြိုင်ပွဲများအားလုံးကို ဖျက်သိမ်းခဲ့ပေမယ့် နှစ်နှစ် တစ်ကြိမ် ကျင်းပတဲ့ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲကိုတော့  လာမယ့်နှစ်မှာ ပြန်လည်ကျင်းပမယ်လို့ ဆုံးဖြတ် ထားကြောင်းသိရှိရပါတယ်။ AFF က အရှေ့တောင်အာရှနိုင်ငံတွေမှာ Covid-19 ကို ထိန်းချုပ်နိုင်ပြီး ပုံမှန်အနေအထားပြန်လည်ရောက်ရှိသည့်အချိန်နှင့် လက်ရွေးစင်အသင်းများရဲ့ နိုင်ငံတကာပြိုင်ပွဲများမရှိသည့်ကာလတွင် ပြန်လည်ကျင်းပဖို့စီစဉ်နေခြင်းဖြစ်ပါတယ်။

အရှေ့တောင်အာရှဒေသတွင်း လက်ရွေးစင်အသင်းများအနေနဲ့ လာမယ့်နှစ်မှာ ၂၀၂၂ ကမ္ဘာ့ ဖလားတတိယအဆင့် ခြေစစ်ပွဲနှင့် ၂၀၂၃  အာရှဖလားတတိယအဆင့် ခြေစစ်ပွဲများသာ ယှဉ်ပြိုင်ရန် ရှိပေမယ့် နှစ်လယ်ပိုင်းတွင် ဂျပန်နိုင်ငံမှာကျင်းပမယ့် ၃၁ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကာလများနဲ့ မတိုက်ဆိုင်ဘဲ ကျင်းပရမည်ဖြစ်သည်။ AFF က ကျင်းပလျက်ရှိတဲ့ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ အပါအဝင် အခြားသက်တမ်းအလိုက်ပြိုင်ပွဲများမှာမူ နှစ်စဉ်ပုံမှန်ကျင်းပနေသည့် ပြိုင်ပွဲများဖြစ်တာကြောင့် ယခုနှစ်မှာကျင်းပနိုင်ခြင်းမရှိပေမယ့် လာမယ့်နှစ်မှာပုံမှန်အတိုင်း ကျင်းပသွားမည်ဖြစ်သည်။ AFF ဟာ လာမယ့်နှစ်မှာ ကျင်းပမည့်ပြိုင်ပွဲများနဲ့ ကျင်းပမယ့်ကာလကို အဖွဲ့ဝင်နိုင်ငံများနဲ့ ပြန်လည်ညှိနှိုင်းအတည်ပြုဆုံးဖြတ်မှာဖြစ်ပါတယ်။ AFF သည် လာမယ့်နှစ်မှာ အစားထိုးကျင်းပမယ့် အာဆီယံ ဆူဇူကီးဖလားပွဲအပြင် အမျိုးသားပြိုင်ပွဲများအဖြစ်၊ ယူ-၂၂ ပြိုင်ပွဲ၊ ယူ-၁၉ပြိုင်ပွဲ၊ ယူ-၁၆ ပြိုင်ပွဲများ၊ အမျိုးသမီးပြိုင်ပွဲများအဖြစ် အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ၊ ယူ -၁၉ ပြိုင်ပွဲနဲ့ ယူ-၁၆ ပြိုင်ပွဲများအပြင် ဖူဆယ်ပြိုင်ပွဲနဲ့ သဲသောင်ပြင် ဘောလုံးပြိုင်ပွဲများကိုပါ ကျင်းပပေးမယ်လို့သိရှိရပါတယ်။

(SO)






အခြားဆက်စပ်သတင်းများ