နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘရာဇီးနိုင်ငံ၏ အလိုအရှိဆုံး ရာဇဝတ်သားတစ်ဦးကို မိုဇမ်ဘစ်နိုင်ငံတွင် ဖမ်းဆီးရမိ

ဆော်ပေါ်လို ဧပြီ ၁၅ ဆယ်စုနှစ် နှစ်ခုကျော် ထွက်ပြေးတိမ်းရှောင်နေသည့် ဘရာဇီးနိုင်ငံ၏ အလိုအရှိဆုံး ရာဇဝတ်သား တစ်ဦးကို မိုဇမ်ဘစ်နိုင်ငံတွင် ဖမ်းဆီးရမိခဲ့ကြောင်း အရာရှိများကပြောသည်။ ဖူမင်ညိုဟု လူသိများသည့် ဂီဘာတိုသည် ဘရာဇီးနိုင်ငံ၏ အင်အားအကြီးဆုံး ဒုစရိုက်ဂိုဏ်းတစ်ခု အတွက် မူးယစ်ဆေးဝါး ကုန်ကူးပေးနေသည်ဟု စွပ်စွဲခံထားရသူဖြစ်သည်။ အသက် ၄၉ နှစ်ရှိသည့် ဂီဘာတိုကို ပြီးခဲ့သည့်တနင်္လာနေ့က မိုဇမ်ဘစ်နိုင်ငံမြို့တော် မာပူတိုမြို့တွင် နိုင်ငံတကာစစ်ဆင်ရေးလှုပ်ရှားမှုဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ နိုင်ငံတကာစစ်ဆင်ရေးလှုပ်ရှားမှုကို အင်တာပို၊ အမေရိကန်မူးယစ်ဆေးဝါးနှိမ်နင်းရေး အရာရှိများနှင့် ဘရာဇီးပြည်ထောင်စု ရဲတပ်ဖွဲ့က ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဆော်ပေါ်လိုမြို့အခြေစိုက် First Capital Command (FCC) မူးယစ်ဆေးဝါးဂိုဏ်းခေါင်းဆောင် ဖူမင်ညိုမှာ ကမ္ဘာတစ်ဝန်းသို့ ကိုကင်းတန်ချိန်ပေါင်းများစွာ တင်ပို့နေသည်ဟု စွပ်စွဲခံထားရသည်။ ဖူမင်ညိုကို မာပူတိုမြို့ရှိ ဇိမ်ခံဟိုတယ်တစ်လုံးတွင် နိုင်ဂျီးရီးယားနိုင်ငံသားနှစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ ခြင်းဟု မိုဇမ်ဘစ်နိုင်ငံမှ အရာရှိများက ပြောသည်။ ဖူမင်ညိုသည် မတ်လလယ်က မိုဇမ်ဘစ်နိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်းဟု ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ (KNT)






အခြားဆက်စပ်သတင်းများ