နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေသော်လည်း တောင်ကိုရီးယားတွင် ရွေးကောက်ပွဲ ကျင်းပ

ဆိုးလ် ဧပြီ ၁၅ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေသော်လည်း တောင်ကိုရီးယားနိုင်ငံတွင် ရွေးကောက်ပွဲ ကျင်းပလျက်ရှိသည်။ မဲပေးသူများအနေဖြင့် နှာခေါင်းစည်းများ တပ်လာရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး အနည်းဆုံး တစ်မီတာအကွာတွင် နေရမည်ဖြစ်သည်။ မဲပေးသူများမှာ အပူချိန်တိုင်းတာပြီး လက်များကို ပိုးသတ်ကာ ပလတ်စတစ်လက်အိတ်များ ဝတ်ဆင်ရမည်ဖြစ်သည်။ သို့မှသာ မဲလက်မှတ် ထုတ်ပေးမည်ဖြစ်ပြီး မဲထည့်ရန်အတွက် မဲရုံထဲ ဝင်ခွင့်ပေးမည်ဟု ဆိုသည်။ COVID-19 ရောဂါကူးစက်ပျံ့နှံ့နေချိန်အတွင်း အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ကျင်းပရန်အတွက် တောင်ကိုရီးယားနိုင်ငံတွင် စည်းမျဉ်းအများအပြား ထုတ်ပြန်ခဲ့သည်။ အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၃၀၀ အတွက် ရွေးကောက်ခံရမည်ဖြစ်သည်။ ကိုယ်စားလှယ်လောင်းများ စာရင်းပေးသွင်းထားသည့် ပါတီ ၃၅ ခုရှိသော်လည်း အာဏာရပါတီ(ဒီမိုကရက်တစ်ပါတီ) နှင့် အဓိကအတိုက်အခံပါတီဖြစ်သည့် United Future ပါတီတို့သာ အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တောင်ကိုရီးယားအစိုးရ၏ ကိုင်တွယ်ဖြေရှင်းမှုမှာ ယခုနှစ် ရွေးကောက်ပွဲတွင် အဓိကထားဆွေးနွေးကြသည့် အကြောင်းအရာတစ်ခုဖြစ်ခဲ့သည်။ စီးပွားရေး အကျပ်အတည်းကြုံတွေ့မှု၊ သမ္မတ၏လက်ထောက်များပါဝင်သည့် အကျင့်ပျက်ခြစားမှုများအပေါ် စိုးရိမ် ပူပန်မှုထက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ကိုင်တွယ်ဖြေရှင်းမှုမှာ လူပြောများခဲ့သည်။ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲများမှာ ၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲမတိုင်မီ ကိုယ်စားလှယ်များနှင့် ပါတီများ၏ လူကြိုက်မှုများကို စမ်းသပ်မှုတစ်ရပ်အဖြစ် သဘောထားကြသည်။ (KNT)






အခြားဆက်စပ်သတင်းများ