နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တိရစ္ဆာန်ရုံ တည်မြဲရေးအတွက် ရုံတွင်းတိရစ္ဆာန်များ အချင်းချင်း ပြန်စားရမည့် အခြေအနေရှိနေဟု ဆို

ဘာလင် ဧပြီ ၁၅ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် အသွားအလာကန့်သတ်တားမြစ်မှုများ ပြုလုပ်ထားရာ တိရစ္ဆာန်ရုံများ အခက်အခဲကြုံတွေ့နေပြီး အလှူရှင်များကို ဖိတ်ခေါ်ထားသည်။ တိရစ္ဆာန်ရုံ ဆက်လက် တည်မြဲရေးအတွက် မကြာမီကာလအတွင်း တိရစ္ဆာန်အချို့မှာ အခြားတိရစ္ဆာန်များ၏အစာ ဖြစ်ရတော့မည်ဟု ဂျာမနီနိုင်ငံ မြောက်ပိုင်းရှိ တိရစ္ဆာန်ရုံ၏ ဒါရိုက်တာကပြောသည်။ ''အရင်ဆုံး ကျွန်တော်တို့ သတ်ရမယ့်တိရစ္ဆာန်တွေကို စာရင်းလုပ်ထားပါတယ်''ဟု နျူမန်းစတား တိရစ္ဆာန်ရုံမှ ဒါရိုက်တာ ကက်စပါရီက ပြောသည်။ ဘာလင်တိရစ္ဆာန်ရုံတွင် မြင်သူတိုင်း ချစ်ကြသည့် ပန်ဒါဝက်ဝံသားပေါက် အမြွှာနှစ်ကောင်ရှိသော်လည်း ပရိသတ်များအနေဖြင့် ယင်းတို့ကို အွန်လိုင်းမှတစ်ဆင့်သာ ကြည့်ရှုနိုင်တော့သည်ဟုဆိုသည်။ တိရစ္ဆာန်တချို့ ရှင်သန်နိုင်ရေးအတွက် တိရစ္ဆာန်အချို့ကို အစာအဖြစ် ကျွေးခြင်းမှာ နောက်ဆုံးဖြေရှင်းနည်းဖြစ်လိမ့်မည်ဟု ကက်စပါရီက ဆိုသည်။ အဆိုပါဖြေရှင်းနည်းမှာ စိတ်မချမ်းမြေ့စရာဖြစ်ပြီး ယင်းကဲ့သို့ ဖြေရှင်းပါကလည်း ဘဏ္ဍာရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မည်မဟုတ်ဟု ဆိုသည်။ ပင်လယ်ဖျံနှင့် ပင်ဂွင်းငှက်များအတွက် နေ့စဉ်နေ့တိုင်း ငါးစိမ်းအများအပြားလိုအပ်သည်ဟု ကက်စပါရီ က ပြောသည်။ နောက်ဆုံးအခြေအနေကြုံရပါက တိရစ္ဆာန်များကို အစာငတ်ပြီး အသေခံခိုင်းမည့်အစား ဆေးထိုးပြီး ဇီဝိန်ချုပ်အောင်လုပ်ပေးမည်ဟု ယင်းက ဆိုသည်။ နျူမန်းစတားတိရစ္ဆာန်ရုံမှာ ယခုနှစ် နွေဦးရာသီတွင် ယူရို ၁၇၅၀၀၀ အရှုံးပေါ်လိမ့်မည်ဟု ကက်စပါရီက ခန့်မှန်းထားသည်။ (KNT)






အခြားဆက်စပ်သတင်းများ