နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
COVID-19 ကြောင့် မဟာစီးပွားပျက်ကပ်နောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးကျဆင်းမှု ကြုံတွေ့

ဝါရှင်တန် ဧပြီ ၁၅ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများတွင် ဆယ်စုနှစ်များအတွင်း စီးပွားရေးကျဆင်းမှု အမြန်ဆုံးနှုန်းကြုံတွေ့နေရာ ယခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ၃ ရာခိုင်နှုန်း ကျဆင်းသွားမည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ပြောသည်။ ကမ္ဘာ့စီးပွားရေးကျဆင်းမှုမှာ ၁၉၃၀ ပြည့်နှစ်များအတွင်း ဖြစ်ပွားခဲ့သည့် မဟာစီးပွားပျက်ကပ်နောက်ပိုင်း အဆိုးရွားဆုံးဖြစ်သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) က ဖော်ပြသည်။ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ကပ်ရောဂါမှာ ကမ္ဘာကို မကြုံစဖူးအကျပ်ဆိုက်မှု ရင်ဆိုင်ရစေသည်ဟု IMF က ဆိုသည်။ ကာလရှည်ကြာသည့် ရောဂါကူးစက်ပျံ့နှံ့မှုမှာ ကမ္ဘာတစ်ဝန်းရှိ အစိုးရအဖွဲ့များနှင့် ဗဟိုဘဏ်များ၏ အကျပ်အတည်းထိန်းချုပ်နိုင်သည့်စွမ်းရည်ကို စမ်းသပ်မှုတစ်ရပ်ဖြစ်လိမ့်မည်ဟု IMF က ပြောသည်။ ၂၀၂၀ ပြည့်နှစ် ဒုတိယနှစ်ဝက်တွင် ကပ်ရောဂါ ကင်းစင်သွားပါက လာမည့်နှစ်တွင် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၅ ဒသမ ၈ ရာခိုင်နှုန်းအထိ ပြန်လည်မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ ဗြိတိန်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် စီးပွားရေးတိုးတက်မှု ၆ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားမည်ဟု IMF က ခန့်မှန်းထားသည်။ အဆိုပါပမာဏမှာ ၂၀၀၈ ခုနှစ် စီးပွားပျက်ကပ်အလွန်တွင် စီးပွားရေးတိုးတက်မှု ၄ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းမှုထက် ပိုများနေသည်။ (KNT)






အခြားဆက်စပ်သတင်းများ