နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
WHO အတွက် ရန်ပုံငွေထောက်ပံ့ပေးနေခြင်းကို ရပ်တန့်ရန် ဒေါ်နယ်ထရမ့် ညွှန်ကြား

ဝါရှင်တန် ဧပြီ ၁၅ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO) အတွက် ရန်ပုံငွေထောက်ပံ့ပေးနေခြင်းကို ရပ်တန့်ရန် ယင်း၏ အစိုးရအဖွဲ့ကို ညွှန်ကြားထားသည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောသည်။ WHO သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို တုံ့ပြန်လှုပ်ရှားရာတွင် တာဝန်ပျက်ကွက်ခဲ့သည်ဟု ဒေါ်နယ်ထရမ့်ကပြောသည်။ တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ခဲ့ပြီးနောက် WHO က ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ဖုံးကွယ် ခဲ့ပြီး စီမံခန့်ခွဲမှု လွဲမှားခဲ့ကြောင်း၊ အဆိုပါဖြစ်ရပ်အတွက် တာဝန်ယူရမည်ဖြစ်ကြောင်း ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့သည်။ WHO မှာ တရုတ်နိုင်ငံကို ဘက်လိုက်ခဲ့သည်ဟု အစောပိုင်းတွင် ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ဖူးသည်။ ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကိုင်တွယ်ဖြေရှင်းမှုနှင့် ပတ်သက်၍ ဝေဖန်ခံနေရသူဖြစ်သည်။ ဒေါ်နယ်ထရမ့်၏ မှတ်ချက်များကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တုံ့ပြန်ခဲ့ပြီး လက်ရှိအချိန်မှာ WHO အတွက် ရန်ပုံငွေရင်းမြစ်များ ဖြတ်တောက်ရမည့်အချိန်မဟုတ်ဟု ဆိုခဲ့သည်။ အမေရိကန်နိုင်ငံမှာ WHO အတွက် ရန်ပုံငွေအများဆုံးထောက်ပံ့ပေးနေသည့်နိုင်ငံဖြစ်ပြီး ပြီးခဲ့သည့် နှစ်က အမေရိကန်ဒေါ်လာ သိန်း ၄၀၀ ထောက်ပံ့ပေးခဲ့သည်။ အဆိုပါပမာဏမှာ WHO အတွက် စုစုပေါင်း အသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းရှိသည်။ တရုတ်နိုင်ငံမှာ ၂၀၁၈-၂၀၁၉ နှစ်အတွင်း WHO အတွက် သတ်မှတ်ပမာဏအဖြစ် အမေရိကန်ဒေါ်လာ ၇၆ သန်းနှင့် စေတနာအလျောက်ထည့်ဝင်မှုအဖြစ် အမေရိကန်ဒေါ်လာ ၁၀ သန်း ထောက်ပံ့ပေးခဲ့သည်။ (KNT)






အခြားဆက်စပ်သတင်းများ