နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အလုံမြို့နယ်၌ (COVID-19) ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့် ဆောင်ရွက်

ရန်ကုန် ဧပြီ ၁၅ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပေါ်နေသော (COVID-19) ရောဂါ ကာကွယ်ရေးလုပ်ငန်း များကို ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ ပိုးသတ်ဆေးဖျန်းခြင်း၊ အသိပညာပေးနှိုးဆော်ခြင်း၊ Mask များ ဝေငှခြင်း၊ လက်ကမ်းစာစောင်၊ ပိုစတာများဖြန့်ဝေခြင်း စသည့်လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။ ဧပြီ ၁၅ ရက်၊ နံနက် ၇ နာရီခွဲအချိန်ကလည်း မြို့နယ် (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ၏ ဦးဆောင်မှုဖြင့် အလုံမြို့နယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်ယဉ်မြင့်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ သည် အလုံဈေးသို့ လာရောက်သော ပြည်သူများ၊ လမ်းသွားပြည်သူများ၊ အနှေးယာဉ်လုပ်သားများအား Mask ၊ လက်အိတ်များ ဝေပေးခဲ့စဉ်။ တင်တင်ချို (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ