ဩဂုတ် ၂
ဗြိတိန်လက်ဝှေ့သမား အန်သော်နီဂျိုရှူအာဟာ ဘူဂေးရီးယားလက်ဝှေ့သမား ပူလက်ဗ်နဲ့ထိုးသတ်ရန် စီစဉ်ထားတဲ့ ရွှေခါးပတ်ကာကွယ်ပွဲကို လာမယ့်ဒီဇင်ဘာလအထိစောင့်ရတော့မှာပါ။
ဂျိုရှူအာ-ပူလက်ဗ်ပွဲကို မူလက ဇွန် ၂၀ ရက်ကျင်းပရန်စီစဉ်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကြောင့် အောက်တိုဘာလသို့ ရွှေ့ဆိုင်းခဲ့ပါတယ်။ ဒါပေမယ့် အောက်တိုဘာလမှာလည်း ပရိသတ်အနည်းငယ်သာ ကြည့်ခွင့်ရမှာဖြစ်တာကြောင့် ဒီဇင်ဘာလကို ထပ်မံရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။ ဒီဇင်ဘာ ၅ သို့မဟုတ် ၁၂ ရက်တွင် လန်ဒန်မှာရှိတဲ့ တော့တင်ဟန်ဟော့စပါးကွင်းမှာကျင်းပမှာမို့ ဝင်ဆံ့ပရိသတ်တစ်ဝက်ကြည့်ရှုခွင့် ရရန် ဂျိုရှူအာရဲ့ပွဲသွင်းသူ အက်ဒီဟီရန်က မျှော်လင့်နေပါတယ်။ အောက်တိုဘာနဲ့ နိုဝင်ဘာလထဲ ကျင်းပမယ် ဆိုပါက ပရိသတ် ၂၀၀၀ ခန့်သာ ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်။
ဂျိုရှူအာပုံမှန်ရနေကျထိုးသတ်ကြေးက ဂဏန်းရှစ်လုံးပမာဏရှိနေပါတယ်။ ဒါကြောင့် ကွင်းဝင်ကြေး ပေါင်ငါးသန်းရမှသာ ဂျိုရှူအာပုံမှန်ထိုးသတ်ကြေးရမှာဖြစ်ပါတယ်။ ဂျိုရှူအာနဲ့ ပူလက်ဗ်တို့ပွဲကို ဒီဇင်ဘာမှသာ ထိုးသတ်မှာဖြစ်တာကြောင့် ဂျိုရှူအာတစ်နှစ်တိတိပွဲဝေးသွားမှာဖြစ်ပါတယ်။ အက်ဒီဟီရန်လည်း Essex အရပ် ဘရန့်ဝုဒ်မြို့ရှိ ယင်းရဲ့ဇိမ်ခံစံအိမ်ရဲ့ နောက်ဖေးဥယျာဉ်ထဲမှာ ပေါင်တစ်သန်းအကုန်အကျခံကာ လက်ဝှေ့စင်တစ်ခုတည်ဆောက်ခဲ့ရတယ်။ အဲဒီ Fight Camp လို့ အမည်ပေးထားတဲ့လက်ဝှေ့စင်မှာ တစ်ပွဲကြည့်တစ်ပွဲပေးစနစ်ဖြင့် ကြည့်ရှုခွင့်ရမယ့် ပြည်တွင်းပွဲအချို့ကို လက်ခံကျင်းပသွားမှာဖြစ်ပါတယ်။
(SO)