နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဥရောပထိပ်တန်းလိဂ်အားလုံး စက်တင်ဘာတွင် ရာသီသစ် စတင်မည်

ဩဂုတ်  ၂

ဥရောပဘောလုံးပြိုင်ပွဲများကို Covid-19 ကြောင့် ရပ်နားထားရာမှ ပြန်လည်စတင်ကစားလာရာ ယခု လက်ရှိအချိန်တွင် စီးရီးအေနှင့် ဥရောပကလပ်ပြိုင်ပွဲများသာကျန်ရှိပါတော့တယ်။
ဒါပေမယ့် လာမယ့်ရာသီသစ်အတွက် ဘောလုံးပွဲများပြန်ကစားကြမယ့်ရက်တွေကိုလည်း သတ်မှတ် ထားပြီးဖြစ်ပါတယ်။ အချို့အသင်းများဟာ နားချိန်ရက် ၃၀ ကျော်သာရရှိခဲ့မှာကိုတွေ့ရပါတယ်။ ပရီးမီးယား လိဂ်ဆိုပါက လာမည့်ရာသီသစ်ကို စက်တင်ဘာ ၁၂ ရက်မှာ ကျင်းပဖို့သတ်မှတ်ထားပါတယ်။  အင်္ဂလိပ် ကလပ်များအနက် မန်စီးတီးနဲ့မန်ယူ၊ ဝုဒ်တို့ကတော့ ဥရောပပွဲများဆက်ကစားနေရတာကြောင့် ယင်းတို့ရဲ့ ဘောလုံးရာသီအပြီး ၁၀ ရက်အကြာတွင်ပင် ရာသီသစ်ကိုကစားရမယ့်အခြေအနေမျိုး ကြုံနိုင်ခြေရှိပါတယ်။

လာလီဂါကလည်း ပရီးမီးယားလိဂ်လိုပင် ရာသီသစ်ကို စက်တင်ဘာ ၁၂ ရက်တွင် စတင်ပါမယ်၊  ယူရို ၂၀၂၀ကို တစ်နှစ်ရွှေ့ဆိုင်းခဲ့ရာ လာမယ့်နွေမတိုင်မီလာလီဂါပွဲစဉ်များပြီးဆုံးအောင်ကစားရန် စီစဉ်ထားခြင်းဖြစ်ပါ တယ်။ ဘွန်ဒက်စ်လီဂါမှာ ကိုဗစ်အလွန်တွင် အစောဆုံးပြန်လည်ကျင်းပဖို့စီစဉ်ထားပါတယ်။ အခြားလိဂ် များလောက်ပွဲစဉ်မများဘဲ ၁၈ သင်းသာရှိတာကြောင့် ပွဲစဉ်ရေးဆွဲရတာလွယ်ကူခဲ့ပါတယ်။ ပြင်သစ် လီဂူးမှာမူ ဩဂုတ် ၂၂ ရက်နေ့မှာ ရာသီသစ်စတင်မှာဖြစ်တာကြောင့် ထိပ်တန်းလိဂ်များထဲမှာ အစောဆုံး ကျင်းပတဲ့လိဂ်ဖြစ်ပါတယ်။ စီးရီးအေကတော့ လက်ရှိပြိုင်ပွဲတွေကစားဆဲဆိုပေမယ့် စက်တင်ဘာ ၁၂ ရက်မှာ ရာသီသစ်ကို စတင်မယ်လို့ခန့်မှန်းထားကြပါတယ်။                                                                             

(SO)






အခြားဆက်စပ်သတင်းများ